စစ်ကောင်စီနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ZRA EC တပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာလို့ PDF – Zoland ထုတ်ပြန်
ဇူလိုင်လ ၂၃ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေဒီတောင်နဲ့ တီးတိန်မြို့ကြား ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး Zomi Revolutionary Army ( ZRA EC) တပ်ဖွဲ့ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ PDF – Zoland က ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ ဦးသေဆုံးသလို အများအပြားဒဏ်ရာရကာ သေဆုံးသူတွေထဲ ZRA-EC ဘက်က တပ်သား ၃ ဦး ပါဝင်တာဖြစ်ပြီး ဒီစစ်ဆင်ရေးဟာ PDF – Zoland နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား၂ ဖက် တိုက်ပွဲတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့က ၈…

