NUG က အကြမ်းဖက်စာရင်းထဲ ပူဂင့်ကမ်းလျန်ကိုထည့်တဲ့အပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ ZNP ပါတီထုတ်ပြန်
ဒီဇင်ဘာလ ၂၂ ရက်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇိုမီး ဝါရင့်နိုင်ငံရေးသမား ၁ ဦးဖြစ်တဲ့ ပူဂင့်ကမ်းလျန်ကို “ အကြမ်းဖက်” အမည်တပ်ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့အပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ ဇိုမီးအမျိုးသားပါတီ (ZNP) က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ဇိုမီးအမျိုးသားပါတီ နှင့် ပူဂင့်ကမ်းလျန်ဟာ မည်သည့်ပက်သက်မှုမှ မရှိသော်လည်း ဇိုမီး ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်တဲ့ ပူဂင့်ကမ်းလျန်ဟာ သူ၏ ဘဝတလျောက်လုံး နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ်ယုံကြည်လိုက်လျောက်ခဲ့တဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့အပြင် အကြမ်းဖက်လို့ အမည်တပ်ရသည်ထိ မည်သည့်နေရာတွင်မှ ပါဝင်ပတ်သက်မှု ၊ လုပ်ဆောင်မှု မရှိသည်ကို ဇိုမီးအမျိုးသားထုတရပ်လုံးက သိရှိထားကြပြီးဖြစ်ပြီး ဒီလို မှားယွင်း စွပ်စွဲတဲ့လုပ်ရပ်ပေါ် ဇိုမီးအမျိုးသားပါတီ (ZNP) အနေဖြင့် အံသြစိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးကို ရှေးရှုသည့်အနေဖြင့်…

