Headlines

Zomi Revolutionary Army (EC)ရဲ့ အပတ်စဉ် ၃၈ ကြိမ်မြောက် စစ်သင်တန်း ဆင်းပွဲ ပြုလုပ်

ဒီဇင်ဘာလ ၂၀ ရက်။

Zomi Revolutionary Army (Eastern Command)ရဲ့ အပတ်စဉ် ၃၈ ကြိမ်မြောက် စစ်သင်တန်းဆင်းပွဲ ကို ဒီကနေ့ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ Zogam လွတ်မြောက်နယ်မြေ ရှိ New Eden စခန်းမှာ အောင်မြင်စွာ ပြုလုပ် ကျင်းပ ပြီးစီး ခဲ့တယ်လို့ ZRA-EC ကိုထောက်ပံ့ကူညီတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ထံမှ သိရှိရပါတယ်။

“လက်ရှိ လုံခြုံရေး နှင့် ဒေသ အရေး တွေကြောင့် သင်တန်း ပြီးမြောက်သူ ဘယ် နှစ်ယောက် ရှိတယ် ဆိုတာမျိုး ပြောပြဖို့ မရှိပါဘူး။ သင်တန်း ဆင်းပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့တယ် ဆိုတာတော့ အတည်ပြု ခဲ့ပါတယ်” လို့ ZRA-EC Supporter တစ်ဦးမှ ပြောကြားခဲ့ ပါတယ်။

လက်ရှိ ထားရှိတဲ့ မူဝါဒ နှင့် ပတ်သက်ပြီး “ကိုယ့်ဒေသမှာ ကိုယ်လူမျိုးက စီမံခန့်ခွဲ နိုင်ရမယ်။ အများပြည်သူရဲ့ အသက် အိုးအိမ်ကို ဖျက်ဆီး၊ ပျက်ဆီးစေတဲ့ တိုက်ပွဲတွေ ကင်းစင်တဲ့ ငြိမ်းချမ်းတဲ့ နယ်မြေ ထူထောင် နိုင်ဖို့က အဖွဲ့အစည်းရဲ့ လက်ရှိ ဦးတည် ဆောင်ရွက်ချက် ပါ” လို့ ၄င်းမှ ဆက်လက် ပြောကြားခဲ့ ပါတယ်။

ZRA-EC ရဲ့ ယခင် အပတ်စဉ် ၃၇ မြောက် စစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေရှိ စခန်း တစ်ခု ဖြစ်သော New Eden စခန်းမှာ အောက်တိုဘာလ ၁ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *