Headlines

ကလေး-တီးတိန် ပြေးဆွဲတဲ့ Shalom မော်တော်ယာဉ်လိုင်းက ဒီဇင်ဘာလအတွင်း အထူးလျော့ဈေး ကားခ ၅၅၀၀၀ ဖြင့် ပြေးဆွဲပေးနေ

ဒီဇင်ဘာလ ၅ ရက်။

ဒီဇင်ဘာလ ကနေစပြီး ကလေးမြို့ နှင့် တီးတိန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တစ်ခု ဖြစ်တဲ့ Shalom မော်တော်ယာဉ်လိုင်းက ခရစ္စမတ်ကာလ ဖြစ်တဲ့ ဒီဇင်ဘာလ အတွင်း အထူးလျော့ဈေးဖြင့် ကားခ ၁ ဦးကို ကျပ် ၅၅၀၀၀ နဲ့ပြေးဆွဲပေးနေသော်လည်း လကုန်ပါက လက်ရှိဈေးနှုန်း အတိုင်း ပြေးဆွဲ နိုင်ရန် မသေချာကြောင်း ယာဉ်လိုင်း တာဝန် ရှိသူများ ထံမှ သိရှိခဲ့ရ ပါတယ်။

“စစ်ပြေး၊ စစ်ရှောင်တွေများတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလ၊ ခရစ္စမတ် ကာလမှာ ကျွန်ုပ်တို့ ယာဉ်လိုင်းကို အားပေးသူတွေ အပေါ် ကုသိုလ် လုပ်ချင်လို့ အခုလို လုပ်တာပါ။ ခရစ္စမတ်ကာလ မှာ ကိုယ့်ရဲ့ ခရီးသည်တွေ ခဏတာ ပျော်ရွင်ပါစေ ဆိုတဲ့ သဘောပါ။ လက်ရှိ ကလေး-တီးတိန် ကားခ က တစ်ယောက်ကို ကျပ် ၇ သောင်း ရှိပါတယ်။ ကျွန်တော်တို့ ယာဉ်လိုင်းက တစ်သောင်း တိတိ Discount ပေးထားပါတယ်။ လက်မှတ် ကြိုတင်ဖြတ်ထားပြီး တကယ်လိုက်ပါလာတဲ့ ခရီးသည်တွေကို နေ့လည်စာ အတွက် မုန့်ဖိုး ၅ ထောင် စီလည်း ပေးထား ပါတယ်” လို့ Shalom ယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦး က Chin World Media ကို ပြောကြား ခဲ့ ပါတယ်။

အခုလို လုပ်တာက ကားခ လျော့ကောက်တာ မဟုတ်ကြောင်း၊ အထူး discount အနေနဲ့သာ ပြုလုပ်ခြင်းသာ ဖြစ်ပြီး ကားခ ၅၅၀၀ ကောက်တာမျိုး မဟုတ်ဘဲ လျော့ဈေး ၁ သောင်းကျပ် ခံစားခွင့် နှင့်အတူ နေ့လည်စာ အတွက် ငါးထောင်ကျပ် ထောက်ပံ့ခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိမှာဆီဈေး ကျခြင်းမရှိ၊ လမ်းဂိတ်ကြေး လျော့ကောက်ခြင်း မရှိတဲ့အတွက် ခရစ္စမတ်အလွန် ကာလမှာ ပုံမှန် အတိုင်း ကားခ ပြန်ကောက် ရလိမ့်မည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်း တာဝန် ရှိသူထံမှ ထပ်မံ သိရှိရ ပါတယ်။

“ဒီနေ့မှာတော့ ခရီးသည် တစ်ယောက်ကို ကျပ် ၅ သောင်းပဲ ကောက်ပြီး ပို့မယ် ဆိုတဲ့ ကြားကားတွေရဲ့ ကြော်ငြာတွေ တွေ့ရတယ်။ ကြားကား နှင့် ယာဉ်လိုင်းက မတူပါဘူး။ သူတို့က ပြေးဆွဲချင်ရင် ပြေးဆွဲမယ်။ အဆင်မပြေရင် မဆွဲဘူး။ ယာဉ်လိုင်းတွေက ရှိတဲ့ ခရီးသည် နှင့် ပုံမှန် ပြေးဆွဲ ရတယ် ဆိုတော့ အခြေအနေ ချင်း မတူပါဘူး” လို့ လည်း ကြားကားများရဲ့ ဈေးလျော့ ပြေးဆွဲမှု တေွ ရှိလာခြင်း နှင့် ပတ်သက်ပြီး ယင်းမှ ဆက်လက် ရှင်းပြခဲ့ ပါတယ်။

ဒီကနေ့ အထိတော့ တခြား ကလေး-တီးတိန် ယာဉ်လိုင်းတွေက ကျပ် ၇ သောင်းနဲ့ ပြေးဆွဲ လျက် ရှိ နေတယ် လို့လည်း ခရီးသွားတစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။

မေလ ၂၆ ရက်နေ့ညမှာ စတင်ခဲ့တဲ့ တီးတိန်မြို့တွင်းတိုက်ပွဲတွေအပြီးမှာ ကားခများ ကျပ်သိန်း ဂဏန်း နီးပါး ရှိရာ မှ လမ်းခရီး အဆင်ပြေလာမှု ကြောင့် ယာဉ်လိုင်းများမှ ကားခများ ပြန်လည် လျော့ချ လာက လက်ရှိမှာ ကလေး-တီးတိန် ကားခ ကို ကျပ် ၇ သောင်း ဖြင့် ပုံမှန် ပြေးဆွဲခြင်း ဖြစ်တယ်လို့လည်း သိခဲ့ရ ပါတယ်။

ဖလမ်းမြို့တိုက်ပွဲ အခြေအနေ ကြောင့် ကလေး-ဖလမ်း-ဟားခါး ကို ပြေးဆွဲနဲ့ ယာဉ်လိုင်းများ ခေတ္တ ရပ်နား နေခဲ့ရတယ် လို့လည်း ကလေးမြို့နေ ယာဉ်မောင်း တစ်ဦး ထံမှ ဆက်လက် သိရှိခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *