Headlines

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေးNUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းပြည် (Chinland)အစိုးရထုတ်ပြန်

ေအာက်တိုဘာလ ၉ ရက်။

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေး အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland)အစိုးရ ကအောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည် (Chinland)အစိုးရ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဂျာထွယ်ပန်၊ အဆင့်မြင့်ပညာရေးပိုင်းက တာဝန်ရှိသူတွေ သက်မွေးပညာရေးပိုင်းက တာဝန်ရှိသူ၊ ဆရာအတက် ပညာရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ချင်းပြည် (Chinland)အစိုးရ ဝန်ကြီးချုပ် ဦးပါထန်းအပါအဝင် တာဝန်ရှိသူခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီစနစ် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ချင်းပြည် (Chinland)အစိုးရ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ဖော်လာနိုင်ရေးနဲ့ အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ဆရာအတက်ပညာ၊ အဆင့်မြင့်ပညာနဲ့ အသက်မွေးပညာတို့ကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်တယ်လို့ ချင်းပြည် (Chinland)အစိုးရ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *