Headlines

ချင်းပြည် (Chinland) လွှတ်တော်က ပြဌာန်းတဲ့ အခွန်ကောက်ဥပဒေ ကိုစတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီထုတ်ပြန်

အောက်တိုဘာလ ၁၈ ရက်။

ချင်းပြည် (Chinland) လွှတ်တော်က ပြဌာန်းတဲ့ အခွန်ကောက်ဥပဒေ စတင်အကောင်အထည်ဖော်ဖို့ ချမှတ်နိုင်ခဲ့ပြီလို့ ထန်တလန်မြို့နယ်မှာေနထိုင်တဲ့ ဇိုဖေမျိုးနွယ်စုတွေရဲ့ဇိုဖေရမ်ကောင်စီရဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒုတိယအကြိမ် ဇိုဖေကောင်စီအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဇိုဖေရမ်ကောင်စီ ဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ချင်းပြည် (Chinland) လွှတ်တော်က ပြဌာန်းခဲ့တဲ့အခွန်အကောက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးပြီး စတင်အကောင်အထည်ဖော်ဖို့ ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇိုဖေရမ်အတွင်း အခွန်ကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ လုပ်ငန်းစီမံချက်တွေကို ထပ်မံရေးဆွဲပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဇိုဖေရမ်အတွင်း ပြည်သူ့အုပ်ချုပ်ရေး ပိုမိုကောင်းမွန်စွာ လည်ပက်နိုင်ရေးအတွက် ဇိုဖေရမ်အက်ကိုလည်း ပြင်ဆင်ခြင်း ဖြည့်စွပ်ခြင်းများ ပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇိုဖေရမ်ကောင်စီသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး Zopheiram Council Supporting Committee of Global နှင့်လည်း ကောင်းချင်းပြည်သူလူထုနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *