Headlines

မြန််မာဘက်ကို တားမြစ်ကုန်တွေနဲ့ မူးယစ်ဆေးဝါးသယ်ယူတာတွေကို အရေးယူမယ်လို့ (CYLA) ထုတ်ပြန်

မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်းသယ်ယူတင်သွင်းရာမှာ တားမြစ်ကုန်တွေနဲ့မူးယစ်ဆေးဝါးသယ်ဆောင်သူတွေကို အရေးယူသွားမယ်လို့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်က ဗဟိုလိုင် လူငယ်အဖွဲ့အစည်း(CYLA) က ဒီကနေ့ သြဂုတ်လ ( ၇) ရက်နေ့မှာ ထုတ်ပြန်တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ထဲကနေ စက်သုံးဆီနဲ့ ဓာတ်မြေသြဇာတွေကို မြန်မာဘက်ကို ရောင်းချတာတွေ မလုပ်ဖို့ ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) ကပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကစတင်လို့ ပိတ်ပင်ထားတာလည်း ဖြစ်ပြီး အဲဒီတားမြစ်ချက်ကို မလိုက်နာဘဲ သယ်ဆောင်လာသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမူလည်း တိုးလာတာတွေကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ဖမ်းဆီးမိပါက တရားဥပဒေနဲ့ အညီအရေးယူနိုင်ဖို့ အစိုးရတာဝန်ရှိသူတွေထံ အပ်နှံသွားမယ်လို့လည်း သိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ် Mampui အရပ်မှာ Mampui YLA က မြန်မာဘက်ကိုတင်ပို့မယ့် စက်သုံးဆီ ၄၇ ပုံးကို ဖမ်းဆီးပြီး ဖမ်းဆီးထားတဲ့ စက်သုံးဆီ ၄၇ ပုံးကို ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) လက်ထဲပြန်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *