Headlines

မြန်မာပြည်မှ လက်နက်ကိုင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လှုပ်ရှားမှုနဲ့ နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုများကို မီဇိုရမ်ပြည်နယ်လုံခြုံရေးညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေး

ဇွန်လ ၁၀ ရက်။ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့များရဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့လှုပ်ရှားမှုပြသနာများ၊ မြန်မာ – အိန္ဒိယနယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးကုန်သွယ်မှုကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်လုံခြုံရေးကောင်စီ၊ ညှိနှိုင်းရေးကော်မတီရဲ့ ပထမဆုံးအစည်းဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကိုယ်တိုင်ပါဝင်တက်ရောက်ကာ အလေးအနက်ဆွေးနွေးကြပြီးနောက်  ပြည်တွင်းနယ်နိမိတ် ဝင်ခွင့်ပါမစ် (ILP) စနစ်ကို တင်းကြပ်ရန် ဝန်ကြီးချုပ်ကိုယ်တိုင်မှာကြားခဲ့ကြောင်း ဇွန်လ (၁၀) ရက်နေ့တွင် India Today သတင်းဌာနကဖော်ပြပါတယ်။ လုံခြုံရေးကောင်စီ၏ ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဟာ မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး ရာဇဝတ်မှုဖြစ်လာတယ်လို့ဆွေးနွေးကြပြီး ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ (ND&PS Act) အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၃၃၈ မှု၊ ၂၀၂၅ ခုနှစ် မေလကုန်အထိ အမှုသစ် ၁၁၄ မှု ရှိနေပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းတို့တွင် မက်သမ်ဖက်တမင်းဆေးပြား ၆၄၈ ကီလိုဂရမ်ကျော်၊ ရူပီး ၈၄ ကုဋေခန့် တန်ဖိုးရှိတဲ့ ဆေးပြားများနဲ့ ၁၅.၅ ကုဋေခန့် တန်ဖိုးရှိသော Crystal Meth (အခဲ) ၅ ကီလိုဂရမ်ကျော် ပါဝင်တယ်လို့ သက်ဆိုင်ရာကော်မတီဝင်တွေက တင်ပြခဲ့ကြပါတယ်။ အဲဒီအပြင် မီဇိုရမ်ပြည်နယ်အတွင်း ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုများမှ ကာကွယ်တဲ့ ဥပဒေအောက်ကနေ ကိုင်တွယ်ဖြေရှင်းရတဲ့ အမှုများလည်းတိုးလာသကဲ့သို့ လူကုန်ကူးတဲ့ ပြသနာဟာလည်း စိုးရိမ်စရာပြသနာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC Flyweight နံပတ် ၁ ဖိုက်တာ ဒီလထဲ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရ

ဇွန်လ ၁၀ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ UFC 316 ပြိုင်ပွဲယှဉ်ပြိုင်ထားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဒီလထဲ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် UFC 317 ပြိုင်ပွဲမှာ UFC Flyweight နံပတ် ၁ ဖိုက်တာ Brando Royval နဲ့ ထပ်ပြီး ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။ မှုလက UFC Flyweight အဆင့် ၁ ဖိုက်တာ Brando Royval နဲ့ Manel Kape တို့ကို ပွဲတည်ပေးပေမယ့် Manel Kape ဘက်က ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပြီး Joshua Van က အစားဝင်ထိုးဖို့…

Read More

ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC Party ) က နိုင်ငံရေးပါတီမှတ်ပုံတင်ပေးဖို့ လျှောက်ထား

ဇွန်လ ၉ ရက်။ ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ ( New Chinland Congress Party )က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားတယ်လို့ ဇွန်လ ၉ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်တဲ့ MRTV သတင်းဌာနက ဖော်ပြထားပါတယ်။ မေလ ၂၆ ရက်နေ့က ပါတီတည်ထောင်ခွင့်ရရှိထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC)က ပါတီတည်ထောင်ခွင့်ပြုတဲ့နေကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေပါတီများမှတ်ပုံတင်ခြင်း နည်းပဒေ ၇ နဲ့အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ လျှောက်ထားလာတာလို့ ဖော်ပြထားပါတယ်။ မှတ်ပုံတင်ခွင့်ပြုဖို့ လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၆ ပါတီထဲကနေ ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီတွေကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေတယ်လို့လည်း…

Read More

UFC ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ Joshua Van ဘရာဇီးဖိုက်တာကို အလဲထိုးပြီး အနိုင်ယူ

ဇွန်လ ၈ ရက်။ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ် ပရူဒန်ရှယ် စင်တာမှာ ကျင်းပတဲ့ UFC 316 ပြိုင်ပွဲမှာ ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ဘရူနိုဆီလ်ဗာကို တတိယအချီမှာ အလဲထိုးပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီကနေ့UFC ပွဲစဉ်မှာ Joshua Van ဟာ အချီတိုင်းမှာ ဘရူနိုကို လဲကျစေခဲ့ပြီး ကောင်းမွန်တဲ့ လက်သီးထိုးချက်တွေအပြင် ရှင်းလင်းပြတ်သားတဲ့ ထိုးကွက်တွေဟာ ကြည့်ရှုသူတွေကို နှစ်ခြိုက်စေခဲ့တာပါ။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဗန်ဟာ UFC ရဲ့ စောင့်ကြည့်ရမယ့် ကြောက်စရာ ဖိုက်တာတစ်ယောက်၊ ချန်ပီယံလောင်းအဖြစ်လည်း ဒီကနေ့ပွဲအပြီး ရှုမြင်ခံနေရပြီဖြစ်ပါတယ်။ မြန်မာပရိသတ် အများအပြားကလည်း အားပေးနေကြတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ…

Read More

ဟားခါးမြို့မှာ လုပ်ငန်းတင်ဒါ လာလျှောက်သူတွေ အရင်နှစ်တွေထက် သိသိသာသာပိုများလာ

ဇွန်လ ၉ ရက်။ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ ဒီနှစ် ၂၀၂၅ ခုနှစ်မှာ စစ် ကောင်စီခန့်ချင်းပြည်နယ်အစိုးရက ချပေးတဲ့ ဘက်ဂျက်နှစ်အသစ်အတွက် လုပ်ငန်းတင်ဒါ လာလျှောက်သူတွေဟာ အရင်နှစ်တွေထက် သိသိသာသာ ပိုများလာတယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက “ဒီနှစ်တင်ဒါလာလျှောက်တာအများကြီးဘဲ လမ်းဦးစီး၊ နတလ ၊ ကျေးလက်၊ စည်ပင်၊ ဆည်မြောင်း တွေပေါ့ အနယ်နယ်အရပ်ရပ်က လာလျှောက်ကြတယ်၊ လမ်းပြုပြင်တာတို့ စတာတွေအတွက်ပေါ့ ကျေးလက်နေထိုင်သူတွေလည်း အများအပြားလာလျှောက်ကြတယ်လို့ သိရတယ်” လို့ပြောပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘက်ဂျက်အသစ်အတွက် ဧပြီလကနေစတာဖြစ်ပြီး ဧပြီလ ၊ မေလအတွင်းမှာ သတင်းစာတွေကနေ တဆင့်ကြော်ညာတာတွေလုပ်ပြီး ဇွန်လ လောက်မှာ တင်ဒါလျှောက်တာတွေ စတင်လုပ်ဆောင်တာလို့လည်း သိရပါတယ်။ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်အတွက် ဘက်ဂျက်အသစ်မှာ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့အတွက်…

Read More

စည်ပင်သာယာရေးဥပဒေကို လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ဒုတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့ကြောင်း CDF-Lautu ထုတ်ပြန်

ဇွန်လ ၉ ရက် ။ တော်လှန်ရေးကာလအတွင်း ပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် စည်ပင်သာယာရေးဥပဒေကို လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ဒုတိယအကြိမြောက် ပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့တယ်လို့ Chinland Defense Force – Lautu (CDF-Lautu) က ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လောက်တူပြည်သူ့ရေးရာကောင်စီဟာ လောက်တူဒေသအတွက် အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ရာအရပ်ဖြစ်သည့်အညီ တော်လှန်ရေးကာလအတွင်း ပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် မူဝါဒနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ကိုယ်စားလှယ် Salai Pa Bi ကပြောပါတယ်။ လောက်တူပြည်သူ့ရေးရာကောင်စီရဲ့ ကိုယ်စားလှယ် Salai Pa Bi က “တော်လှန်ရေးကာလဖြစ်စေကာမူ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရှေးရှုရမှာဖြစ်တယ်…

Read More

မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ နေရာမှာ မြေပြိုမှုဖြစ်ပွားကာ ချင်းစစ်ရှောင်ဒုက္ခသည် ၃ ဦးအပါအ၀င် ၅ ဦးသေဆုံး၊နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျ၊မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

ဇွန်လ ၇ ရက်။ မေလ ၃၀ ရက်ကစပြီးအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အဝန်း နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မီဇိုရမ်ပြည်နယ်အတွင်း နေရာပေါင်း ၇၆၉ ခုမှာ မြေပြိုမှုများနဲ့ရွှံ့မြေပြိုမှုဖြစ်ပွားခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနရဲ့ ပြည်နယ်အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဌာနရဲ့ ဇွန်လ (၅) ရက်နေ့အထိထုတ်ပြန်ချက်ကို ဒေသတွင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြထားပါတယ်။ ထိုသို့ ရေကြီး၊ မြေပြိုမှုများကြောင့် မိသားစု ၄၅၂ စုကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရပြီး ယင်းတို့အနက် ၃၃၈ စုမှာ မြေပြိုမှုကြောင့် ၎င်းတို့၏နေအိမ်နေရာများ အန္တရယ်ရှိလာသဖြင့်ရွှေ့ပြောင်းခြင်းဖြစ်ပြီး မိသားစု ၁၁၄ စုမှာရေကြီးမှုကြောင့် ရွှေ့ပြောင်းပေးခဲ့ရတာဖြစ်တယ်လို့ India Today သတင်းဌာနက ဇွန်လ (၆) ရက်နေ့မှာ ဖော်ပြထားပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းပြီး မြေပြိုမှုများကြောင့် နေအိမ်စုစုပေါင်း ၂၇၂ လုံးပြိုကျခြင်း၊ ပျက်စီးခြင်းများဖြစ်ပွားခဲ့ရပါတယ်။ ထိုသို့ မြေပြိုမှုများ၊ ရေကြီးမှုများ၊ နေအိမ်ပြိုကျမှုများနဲ့ အခြားသဘာဝဘေးကြောင့်…

Read More

မကွေးတိုင်းမှာ အရှိုချင်းကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ထုတ်ပြန်

ဇွန်လ ၆ ရက်။ ဇွန်လ ၂ ရက်နေ့က မကွေးတိုင်းတစ်နေရာမှာစစ်ကောင်စီတပ်ဖွဲ့ နဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့ အကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ACDF က ဒီကနေ့ ဇွန်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ACDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းနီလေဗွေက “ တိုက်ပွဲက မကွေးတိုင်းထဲမှာဖြစ်တယ် ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး ရန်သူဘက်က ထိတွေ့မှု့ဖြစ်ပြီး ပြန်ဆုတ်သွားကြတယ် လက်ရှိမှာတော့ ထိတွေ့တိုက်ပွဲတွေတော့ မရှိသေးဘူး” လို့ပြောပါတယ်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဒေသ ၁ တစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဇွန်လ ၂ ရက်နေ့က ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူလည်း များကာ ၊ထိတွေ့မှုအပြီး ACDF…

Read More