Headlines

ပလက်ဝမြို့နယ်က ဒေသခံ ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်သား ၂ ဦးကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံးဖော်ဆောင်ပေးဖို့ GKYA က တောင်းဆို

ဧပြီလ ၂၇ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီး ရေနစ်သတ်ဖို့ကြံစည်တဲ့ အာရက္ခတပ်တော် (AA) တပ်သား ၂ ဦးကို ULA / AA အနေနဲ့ လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှု အမြန်ဆုံး ဖော်ဆောင်ပေးရန် နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားပါတယ်။ ဒီအမှုနှင့်ပတ်သက်ပြီး ULA/AA အနေဖြင့် လျင်မြန်ပြီး လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကို အမြန်ဆုံး ဖော်ဆောင်ပေးရန်၊ ကျူးလွန်ခံရသူအတွက်လိုအပ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံမှု၊ ဥပဒေအကာအကွယ် နှင့် အခြားလိုအပ်သောအကူအညီများကို ပံ့ပိုးဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အမည်ဖော်ထုတ်ပြီး ပြည်တွင်း၊…

Read More

ကနေဒီတောင် အနောက်ဘက် တီးတိန်လမ်းပေါ်မှာ ကုန်တင်ယာဉ် တစ်စီး ဘရိတ်ပေါက် ပြီး တိမ်းမှောက်

ဧပြီလ ၂၇ ရက်။ ဧပြီလ ၂၆ ရက်နေ့ ညနေ ၈ နာရီခန့်မှာ တီးတိန်မြို့နယ် ကနေဒီတောင် အနောက်ဘက် လမ်းမကြီး ပေါ်ရှိ Dollam စခန်းအလွန် လမ်းကွေ့ တစ်နေရာမှာ ကုန်တင်ကား တစ်စီး ဘရိတ်ပေါက် ကာ တိမ်း‌မှောက်ခဲ့‌ပြီး လူ ထိခိုက်မှု မရှိဘူး လို့ ကယ်ဆယ်ရေး လုပ်ဆောင်သူ ဒေသခံ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ “ကား က ကုန်းအဆင်း မှာ ဘရိတ်ပေါက် သွားတာ။ ကားဆရာ က ဂီယာ ထိန်းမောင်းပြီး စပယ်ယာ ခုန်ဆင်းကာ ရမ်းတုံး နဲ့ ခု လိုက် ပေမယ့် ရမ်းတုံး ကြေသွားတယ်။ ဂီယာ…

Read More

မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် ထံ CRC ကသွားရောက်တွေ့ဆုံပြီး ချင်းဒုက္ခသည်အရေး တင်ပြ

ဧပြီလ ၂၇ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် မီဇိုရမ်ပြည်နယ် ကိုယ်စားရွေးချယ်ခြင်းခံရသည့်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို ဧပြီလ ၂၆ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) ကသွားရောက်တွေ့ဆုံ တင်ပြခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) NewDelhi ကထုတ်ပြန်ပါတယ်။ ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ ချင်းဒုက္ခသည်ကော်မတီ(CRC) မှ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌ များကသွားရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ချင်းဒုက္ခသည်ကော်မတီ (CRC) ဘက်က တင်ပြချက်တွေက ဒုက္ခသည်များအတွင်း ကြုံတွေ့နေရသော…

Read More

ကလေးမြို့မှာ ချင်းအမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်မှ ပစ်သတ်ကာ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကို မိသားစုထံ အပ်နှံ

ဧပြီလ ၂၆ ရက်။ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ကလေးမြို့၊စံပြရပ်ကွက်က နေအိမ်ကိုပြန်လာတဲ့ အသက် ၂၉ နှစ်အရွယ် ချင်း အမျိုးသား ၁ ဦး ဖြစ်သူ Nangtawng (ခေါ်) Tg Dominic Dal Khen Nang ကို လမ်းမှာ စစ်ကောင်စီတပ်ကပစ်သတ်ကာ မီးသဂြိုလ်ခဲ့ကာ အရိုးပြာအိုးကိုမိသားစုထံလာအပ်နှံ့ခဲ့တယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးအသိုင်းအဝိုင်းပြောပြချက်အရ သိရှိရ ပါတယ်။ “Nangtawng က ဧပြီလ ၂၄ ရက်နေ့ မှာ သဇင်ရပ်ကွက်မှာ ရှိတဲ့ သူ့အမ ဆီသွားလည် ခဲ့ရာ ကနေ စံပြ (Khuamawi) ရှိ နေအိမ်ကို ပြန် ဖို့ ထွက်သွားတာ။ နေအိမ် ပြန်မရောက်တော့ အားလုံး…

Read More

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့က ဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း MNDAA ထုတ်ပြန်

ဧပြီလ ၂၆ ရက်။ နိုင်ငံရေးဖိအားတွေကြောင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှဆုတ်ခွါခဲ့ရတဲ့အတွက် များစွာဝမ်းနည်းရကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က MNDAA ရဲ့ The Kokang မီဒီယာကနေတဆင့်ဒီကနေ့ ဧပြီလ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ “နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည့်အတွက်လည်း များစွာဝမ်းနည်းရပါကြောင်း ကျန်းမာရေးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်” လို့ The Kokang မီဒီယာရဲ့ဖော်ပြချက်မှာ ပါရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ MNDAA (ကိုးကန့်တပ်)အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ပေါ်ကနေ ဧပြီ ၂၁ ရက်မှာ အပြီးထွက်ခွါခဲ့ရပြီးနောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေပြီဖြစ်ပါတယ်။ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ် ၃…

Read More

မလေးရှားနိုင်ငံမှာ ချင်းလူမျိုးအချင်းချင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ခဲ့ပြီး သေဆုံးသူအလောင်းကို ၁ လ ကျော်အကြာမှထုတ်ယူသဂြိုလ်ခွင့်ရ

ဧပြီလ ၂၆ ရက်။ မလေးရှားနိုင်ငံမှာ၊ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ချင်းလူမျိုး အချင်းချင်း ခိုက်ရန်ဖြစ်ပြီး သေဆုံးသွားခဲ့သူ ချင်းအမျိုးသားတစ်ဦးရဲ့ အလောင်းကို ၁ လ ကျော်အကြာ လာမယ့် ဧပြီလ ၂၈ ရက်၊ တင်္နလာနေ့မှာ ထုတ်ယူခွင့်ရမှာဖြစ်ကာ သဂြိုလ်မှာဖြစ်တယ်လို့ Chin Refugee Committee (CRC )အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ပူဒူးအရပ်မှာ ချင်းလူမျိုးအချင်းချင်း အရက်သောက်ပြီး စကားများရန်ဖြစ်ရာကနေ လူသတ်မှုအထိဖြစ်သွားခဲ့ရာ အဲဒီနေ့ကတည်းကနေ သေဆုံးသူအလောင်းနဲ့ လူသတ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတာဖြစ်တယ်လို့ CRC အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒီအမှုနဲ့ပက်သက်ပြီး တရားရုံးတင်တဲ့ချိန် DNA စတဲ့အချက်အလက်တွေ…

Read More

ငလျင်ဘေးကြောင့် ၁ လ ခန့် ရပ်နားထားတဲ့ Myanmar Star Grand Final Second Round ပြန်လည်ကျင်းပ

ဧပြီလ ၂၅ ရက်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ချင်းလူငယ် Ephraim Kyaw Oo နှင့် Hoihpi တို့ပါဝင်ယှဉ်ပြိုင်နေတဲ့Myanmar Star သီချင်းဆိုပြိုင်ပွဲ ၁ လ ခန့် အစီအစဉ် ရပ်နားခဲ့ရကာ မနေ့ ဧပြီ၂၄ ရက်နေ့က စပြီးMyanmar Star ပြိုင်ပွဲ Final Second Round Performance (ဒုတိယ အကြိမ် အလှည့်ကျ ဖျော်ဖြေမှု ) ကို Popular Song Week အမည် ဖြင့် ပြန်လည် ကျင်းပလာကြောင်းတိုက်ရိုက် ထုတ်လွင့်မှုများအရ သိရပါတယ်။ Myanmar Star အနေဖြင့် မန္တလေးငလျင် ကြောင့် ပြိုင်ပွဲ အစီအစဉ်များကို ခေတ္တရပ်နားမည်…

Read More