မိတ္တူကူးစက်အဟောင်းများအတွင်း သိုဝှက်ပြီးကလေးမြို့ကိုသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိ
အောက်တိုဘာလ ၂၈ ရက်။ မိတ္တူကူးစက်အဟောင်းများအတွင်း သိုဝှက်ပြီး မန္တလေးမြို့မှကလေးမြို့ကိုသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကျပ်သိန်း ၄,၃ဝဝ တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၆ ကီလို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့အောက်တိုဘာလ ၂၇ ရက် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန် စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေ(၆)၊ အမှတ်(၉)လမ်းတွင် ရိုဒိန်းလျန်နာ မောင်းနှင်ပြီး မောင်မောင်နိုင်ဝင်း(ခ)မောင်နိုင် လိုက်ပါလာသည့် TOYOTA MARK II မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂ ကီလို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ည ၈ နာရီခွဲ…

