၃ နှစ်တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၀၈ ဦးသေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရတယ်လို့ CHRO ကထုတ်ပြန်
အောက်တိုဘာလ ၃၀ ရက်။ ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားဒေသခံပြည်သူ ၁၀၈ ဦးသေဆုံးခဲ့ပြီး ၂၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO )ရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ်အထိ လုပ်ခဲ့ပြီး ဗုံးအလုံးရေ အနည်းဆုံး ၁၂၃၉ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်အတွင်းက ကလေးငယ် ၂၉ ဦးသေဆုံးပြီး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ စုစုပေါင်းအရပ်သားသေဆုံးမှုက ကလေးငယ်အပါအဝင် ၁၀၈ ဦး နဲ့ ထိခိုက်ဒဏ်ရာရ ၂၃၁ ဦးရှိခဲ့တယ်လို့ CHRO ထုတ်ပြန်ချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်…

