၂၀၂၆ အင်တာနက်လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံ ရမှတ် ၉ မှတ်နဲ့ ကမ္ဘာ့အဆိုးဆုံးအဆင့်မှာ ဆက်ရှိနေ
အောက်တိုဘာလ ၂၂ ရက်။ မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့် အခြေအနေမှာ ရမှတ် ၁၀၀ မှာ ၉ မှတ်သာ ရရှိခဲ့ပြီး တရုတ်၊ အီရန်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး ပူးတွဲနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေတယ်လို့ Freedom House နဲ့ Human Rights Myanmar (HRM) တို့က ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ “Freedom on the Net 2026: Seismic Shifts on the Global Internet” အစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ရာကနေ အခု…

