တီးတိန်၊တွန်းဇံမြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ရဲ့ စစ်သားစုဆောင်းခံရတဲ့ကလေးသူငယ်တွေကိုမိဘတွေလက်ထဲ ပြန်အပ်ဖို့ PDF – Zoland က ထုတ်ပြန်
အောက်တိုဘာလ ၃ ရက်။ တီးတိန်၊ တွန်းဇံ မြို့နယ်တွေမှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အမြန်ဆုံး မိဘလက်ထဲ ပြန်အပ်နှံကြရန်နဲ့ နောက်နောင်မှာလည်း နိုင်ထက်စီးနင်း စစ်သားစုဆောင်းခြင်းမျိုး မပြုလုပ်ကြဖို့ PDF – Zoland က အောက်တိုဘာလ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ PDF – Zoland ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကျနော်တို့ရတဲ့ သတင်းအချက်အလက်အရ ကလေးငယ် ၁၀ ဦးထက်မနည်းရှိတယ် အခုလိုအတင်းအဓမ္မ စစ်သားစုဆောင်းခံရတာ၊ အသက်အားဖြင့်လည်း ၁၃ နှစ်အောက် ကလေးတွေဖြစ်ကြပါတယ်” လို့ပြောပါတယ်။ မိဘ ခွင့်ပြုချက်မပါဘဲ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်း ကြားသိရတယ်လို့ PDF – Zoland က ထုတ်ပြန်ထားပါတယ်။ အခုလို…

