CDF-Thantlang စစ်ဦးစီးချုပ် Salai Ram Zel ထန်တလန်မြို့ပေါ်တိုက်ပွဲမှာကျဆုံး
အောက်တိုဘာလ ၁၃ ရက်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Thantlang ) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) အသက် ၃၀ နှစ် ဟာ အောက်တိုဘာလ ၁၂ ရက်တုန်းက ထန်တလန်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူတွေဆီကသိရပါတယ်။ “စစ်ဦးစီးချုပ်တစ်ယောက် စစ်မြေပြင်မှာ ကိုယ်တိုင်ဦးဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားတဲ့ CDF Thantlang ရဲ့ Chief of Staff (CS), Salai Ram Zel ရယ်…….အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ချင်းကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့ CSU, CLCC နဲ့ CUSF တွေမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်လေ့ရှိတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး……စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ ကိုယ်တိုင်ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦး…”လို့ အရည်အချင်းရှိတဲ့ စစ်ဦးစီးချုပ်ခေါင်းဆောင်ကောင်းတစ်ယောက်ကို…

