ချင်းဖိုက်တာ Tial Thang အမေရိကန်ဖိုက်တာကိုရှုံးနိမ့်
အောက်တိုဘာလ ၁၉ ရက်။ ဘက်စုံသုံးတိုက်ခိုက်ရေး(MMA)ချင်းဖိုက်တာ တီာလ်ထန်း ( Tial “The Dragon Leg” Thang ) ဟာ အောက်တိုဘာလ ၁၉ ရက်မှာ အမေရိကန်နိုင်ငံ၊ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒေလ်းဖီးယား မြို့မှာ ကျင်းပခဲ့တဲ့ Cage Fury Fighting Championship 137 ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာChristian Mcauley နဲ့ထိုးသတ်ခဲ့ကာ ဒုတိယအချီမှာ ပြိုင်ဘက်ရဲ့ချုပ်ကွက် ထိုးကွက်အောက်မှာ ရှုံးနိမ့်သွားပါတယ်။ ချင်းဖိုက်တာ တီာလ်ထန်းကတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်ကာ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ One Championship ပွဲတွေနဲ့အခုပွဲ အပါအဝင် ပွဲပေါင်း ၁၉ ပွဲ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၈ ပွဲရှုံး၊ ၁ ပွဲပျက် ရလဒ်ထွက်ပေါ်ထားပါတယ်။ တီာလ်ထန်းနဲ့ထိုးသတ်ခဲ့တဲ့…

