မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးမှု အရေအတွက်တိုးလာ
ဆမ်ချိုမွန်း ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ် ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ နေရတဲ့မင်းတပ်မြို့နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးမှု အရေအတွက် တိုးလာနေတယ်လို့ ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းတွေကပြောပါတယ်။ မင်းတပ်မြို့နယ်အတွင်း မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောင့်မှု အခြေနေများ မင်းတပ်မြို့နယ် အတွင်းမှာ ဒီနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေတာကြောင့် အရပ်သား ပြည်သူလူထု ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ များစွာ ပျက်စီးဆုံးရှုံးမှု ရှိနေပါတယ် ။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွေ အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မိခင် (သို့မဟုတ်) မွေးကင်းစ ကလေးသေဆုံးမှု နဲ့ မိခင်ဝမ်းအတွင်း သန္ဓေသားသေဆုံးမှု တွေပါ ရှိလာနေတာ…

