Headlines

ချင်းပြည် (Chinland) ကောင်စီနဲ့ ဆက်ပြီးလက်တွဲမယ်လို့ ကန်ပက်လက်ကောင်စီနဲ့ CDF -–kanpetlet တပ်ရင်း – ၇ တို့က ထုတ်ပြန်

အောက်တိုဘာလ ၁၀ ရက်။

ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးမှာ ချင်းပြည် (Chinland) ကောင်စီ၏ မှုဝါဒအတိုင်း ပြည်သူနဲ့အတူ ဆက်တွဲကာ ဆက်လက်ရပ်တည်မယ်လို့ ကန်ပက်လက်ကောင်စီနဲ့ CDF – kanpetlet တပ်ရင်း-၇ တို့က အောက်တိုဘာလ ၈ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း စည်းလုံးညီညွှတ်ကာ စစ်ရေး၊ နိုင်ငံရေးဟန်ချက်ညီညီ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး ကန်ပက်လက် (CC) အဖွဲ့နဲ့ ကန်ပက်လက် (CB) အဖွဲ့တို့ နှစ်ကြိမ်တိတိ တွေ့ဆုံကာ ပြည်သူ့ညီလာခံကျင်းပ၍ ပိုမိုကျစ်လစ်တဲ့ အဖွဲ့အစည်းဖွဲ့နိုင်ဖို့ ေဆွးနွေးခဲ့သော်လည်း ကန်ပက်လက် (CB) အဖွဲ့က ပြန်လည်အကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပကြတာ သိရှိရသဖြင့် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်ကောင်စီသည် ဒေသခံမျိုးနွယ်စုအတွင်းသော်လည်း ချင်းပြည်သူလူထုအတွက်သော်လည်းကောင်း မလိုအပ်တဲ့ ပြဿနာဖြစ်စေမယ့် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနေသူတွေကို ဆန့်ကျင်ပြီး မျိုးဂုဏ် ဇာတိဂုဏ် ညှိးနွမ်းစေမည့် လုပ်ဆောင်မှုမှန်သမျှနှင့် အာဏာရှင်မှန်သမျှကို ထုတ်ဖော် တော်လှန်သွားမှာဖြစ်လို့ ချင်းပြည် (Chinland)ကောင်စီ မူဝါဒါအတိုင်း ဆက်လက်ရပ်တယ်မယ်လို့ ကန်ပက်လက်ကောင်စီကထုတ်ပြန်ကာ၊ကန်ပက်လက်မြို့နယ်အတွင်းစည်းလုံးညီညွတ်ကာ စစ်ရေး၊နိုင်ငံရေး ဟန်ချက်ညီညီဖြင့် အရွေ့တစ်ခုသို့တက်လှမ်းနိုင်ရန် ရည်ရွယ်ကာ ၂၀၊၇၊၂၀၂၄ တွင် ပထမအကြိမ်၊၃၀၊၇၊၂၀၂၄ တွင် ဒုတိယအကြိမ် အထိ ကန်ပက်လက် (CC) အဖွဲ့နဲ့ ကန်ပက်လက် (CB) အဖွဲ့တို့ နှစ်ကြိမ်တိတိ တွေ့ဆုံကာ ပြည်သူ့ညီလာခံကျင်းပ၍ ပိုမိုကျစ်လစ်တဲ့ အဖွဲ့အစည်းဖွဲ့နိုင်ဖို့ ဆုံးဖြတ်ချက်ချထားသော်လည်း ကန်ပက်လက် (CC) အဖွဲ့အားအကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပသည်ဟု ထုတ်ပြန်လာကြသည်ကိုသိရသဖြင့် မိမိတို့CDF -–kanpetlet တပ်ရင်း – ၇ သည် Chinland Council အဖွဲ့ဝင် Kanpalet Council ၏ရပ်တည်ချက်နဲ့အညီ ပြည်သူလူထုနဲ့အတူဆက်လက်ရပ်တည်သွားမည်လို့အသီးသီးထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *