
Chin World Editor ခင်ဗျာ။
ကျ နော့်စိတ်ထဲမှာ အရင်ကတည်းကနေ အခုထိ ခိုးလုခိုးလိုဖြစ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van နာမည်စာလုံဲးပေါင်းကိစ္စကို ရင်ဖွင့်ချင်ပါတယ်။ ကမ္ဘာ့ကျော် UFC တိုက်ခိုက်ရေးပြိုင်ပွဲ ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ကို မြန်မာမီဒီယာများက သတင်းများမှာ အနီးစပ်ဆုံး မြန်မာအသံထွက်ဖြင့် ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့ စာလုံး ပေါင်းပြီး ခဏခဏ ဖော်ပြတာကိုမြင်ရတာစိတ်မသက်သာပါ။
ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် ဆိုတာ Joshua Van ဆိုတဲ့ သူ့နာမည်မူရင်းအသံထွက်နဲ့အတော်ကွဲလို့ဖြစ်ပါတယ်။ဂျိုရူ နဲ့ ဝါဗန် က သက်သက်လိုလို ဘာလိုလို။Joshua Van ကို မြန်မာလို ဂျိူးရူ့ဗန် /ဂျိူးရွှဗန် လို့ စာလုံးပေါင်းရင် -ဂျိုရူဝါဗန် ထက်ပိုမနီးစပ်ဘူးလား ??
မြန်မာပြည်ကနာမည်များနဲ့အခေါ်အဝေါ်တခြားစီဖြစ်တဲ့ နိုင်ငံခြားရုပ်ရှင်မင်းသား/မင်းသမီးများ/ ဘောလုံးသမားနာမည်များကိုပင်ရအောင် ခေါ်တတ်တဲ့ မြန်မာပရိသတ်ကြီးက Joshua Van ကို Joshua Van လို့ မခေါ်တတ်မှာစိုးရိမ်ပြီး မြန်မာမီဒီယာများက မြန်မာလိုအနီးစပ်ဆုံး စာလုံး ပေါင်းပြတာလား ??
Joshua Van ကို တကမ္ဘာလုံးက Joshua Van လို့ ခေါ်နေချိန်မှာ မြန်မာမီဒီယာများ ကျေးဇူး ကြောင့် မြန်မာပရိသတ်တချို့က ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့ ဆင်တူကွဲမှားခေါ် နေကြပါတယ်။
Joshua Van ကလည်းသူချစ်တဲ့မြန်မာပြည်ကပရိသတ်က ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့ အမျိုးမျိုးခေါ် နေတာကို သူသိကောသိရဲ့လား တွေးမိပါတယ်။
Joshua Van ကို Joshua Van လို့ ခေါ်ရခက် နေရင် ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန်အစား Van(ဗန်)လို့ပဲ သတင်း တွေမှာ ရေးစေချင်ပါတယ်။
UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ကို မြန်မာမီဒီယာများက ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့မရေးစေချင်ပါ။
ပရိသတ်တစ်ဦး

