Headlines

မလေးရှားမှာ ချင်းလူငယ်အချင်းချင်း ရန်ဖြစ်ပြီး ချင်းလူငယ်တစ်ဦး ကတ်ကြေးဖြင့် ထိုးသတ်ခံရ

အောက်တိုဘာလ ၇ ရက်။

မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ Maluri ရပ်ကွက်မှာ မနေ့ အောက်တိုဘာလ ၆ ရက်နေ့ညက ချင်းလူငယ်အချင်းချင်းအရက် သောက်စားပြီး စကားများရန်ပွဲဖြစ်ပွါးခဲ့ကာ အိမ်ပြန်လမ်းမှာ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် Van Lal Chawn ဟာကတ်ကြေးဖြင့် တစ်ချက်အထိုးခံရပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ညပိုင်းက Pu Biak Hlei ဆိုသူက ၎င်း မိတ်ဆွေတချို့နဲ့ သေဆုံးသူ Van Lal Chawn တို့အဖွဲ့ အရက်သောက်စားကြရာကနေ ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ပြန်လမ်းမှာ Pu Biak Hlei က လမ်းတဝက်ကနေ သူ့မိတ်ဆွေတချို့ခေါ်ပြီး ထပ်မံစောင့်ကာ Van Lal Chawn ကို ကတ်ကြေးဖြင့် တစ်ချက်ထိုးသွားတာဖြစ်တယ်လို့ သိရပါတယ်။

Van Lal Chawn ဟာ ကတ်ကြေးဖြင့် တချက်ထိုးခံရကာ ထိချက်နာသွားခဲ့ပြီး ဆေးရုံကို ပို့ဆာင်ခဲ့ကြပေမယ့် ဒီကနေ့ မနက်ပိုင်းမှာဘဲ ဆုံးပါးသွားတယ်လို့ သိရပါတယ်။

ကတ်ကြေးထိုးခံရပြီး သေဆုံးသွားတဲ့သူက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Khuafo ရွာက Van Lal Chawn အသက် ၂၃နှစ် ဖြစ်ပြီး ကတ်ကြေးနဲ့ ထိုးတဲ့သူက ဂန့်ဂေါခရိုင်၊ ဟံသာဝတီရွာသား ချင်းလူမျိုး Pu Biak Hlei ဖြစ်တယ်လို့ သိရပါတယ်။

ကတ်ကြေးနဲ့ ထိုးပြီး လူသတ်မှုကျူးလွန်သူ Pu Biak Hlei ကိုလည်း ဒီကနေ့ မနက်ပိုင်းမှာဘဲ ၎င်းနေထိုင်ရာ Maluri ရပ်ကွက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *