Headlines

ရန်ကုန်မှာကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ထိုးသတ်မယ်

စက်တင်ဘာလ ၂၉ ရက်။

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ လာမယ့်အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲမှာ ချင်းပြည်နယ် ၊ ဖလမ်းမြို့သား တစ်ဦးဖြစ်တဲ့ Salai John Hmuak နဲ့ ကလေးမြို့သား Augustine Van တို့ ပါဝင်ယှဉ်ပြိုင်ကြမှာလို့သိရပါတယ်။

3MA 11 MMA ပြိုင်ပွဲမှာ ပါဝင်မယ့် Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာလည်း MMA ပွဲတွေမှာ ယှဉ်ပြိုင်ဖူးခဲ့ပြီး ရလဒ်ကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

မြတ်ထွန်းနဲ့ယှဉ်ပြုင်မယ့် Salai John Hmuak က “ထိုင်းမှာက မွေ့ထိုင်းနဲ့ Boxing ထိုးတာများတယ် ခုထိုးမှာက MMA ကစားနည်းနဲ့ ကစားရမှာ ဒါပေမယ့် MMA ကကျနော်ရဲ့ အဓိကရည်ရွယ်ထားတဲ့ ကစားနည်းဆိုတော့ ကျနော်အနေနဲ့ တော့ အခုလာမယ့်ပွဲနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှုတော့ အရမ်းရှိတာပေါ့” လို့ပြောပါတယ်။

3MA 11 MMA ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကလေးမြို့သား ချင်းတိုင်းရင်းသား Augustine Van ဟာလည်း 3MA ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဖိုက်တာတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်က ရိုးရာလက်ဝှေ့နယ်ပယ်ကနေ ထွက်ပေါ်လာတဲ့ ဖိုက်တာနဲ့ ထိပ်တိုက်တွေ့ဆုံ ထိုးသတ်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *