
ဩဂုတ်လ ၂၇ ရက်။
ဒီနှစ် Myanmar League -1 မှာ ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့အခြေစိုက် Chinland FC ဘောလုံးအသင်းမှ ကစားသမား Pa Lung ပျောက်ဆုံးနေကြောင်း Chinland FC ဘောလုံးအသင်းမှ ဒီနေ့ ဩဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Chinland FC ဘောလုံးအသင်းမှ
“ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။
ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈ လမ်းဆုံ တွင် ဆင်းခဲ့ပြီး Taxi ဖြင့် အဆောင်သို့ ပြန်ရန်လုပ်နေသည့်အချိန်အထိ အဆက်အသွယ် ရရှိခဲ့ပါသည်။ ထိုအချိန်နောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေပါသည်။
– အသင်းအနေဖြင့် ၅ ရက်တိတိ အစွမ်းကုန် ရှာဖွေလျက်ရှိပြီး
– သက်ဆိုင်ရာများသို့ အကြောင်းကြားခြင်း၊ လူပျောက်အမှုဖွင့်ခြင်း၊
– MFF ၊ MNL တာဝန်ရှိ လူကြီးများနှင့်အတူ လိုအပ်သော အရာများအားလုံးကို လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ အဆက်အသွယ် မရရှိသေးပါ။
ထို့ကြောင့် ကျွန်တော်တို့၏ ကစားသမား Pa Lung ကို မည်သည့်နေရာတွင်မဆို တွေ့ရှိသူ၊ သူနှင့်ပတ်သက်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
အားလုံးလည်း ဝိုင်းဝန်း ကူညီရှာဖွေပေးကြပါရန်၊ သတင်းမျှဝေပေးကြပါရန်နှင့် ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ရန် ဆုတောင်းသတိရပေးကြပါရန် တောင်းခံအပ်ပါသည်။ ![]()
တွေ့ရှိသူ သို့မဟုတ် သတင်းတစ်စုံတစ်ရာ သိရှိသူများရှိပါက အမြန်ဆုံး အကြောင်းကြားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။လို့သတင်းထုတ်ပြန်ထားပါတယ်။
ဆက်သွယ်ရန် –
09 454 550 017
09 964 269 633
Chinland FC

