Headlines

ကန်ပက်လက်မြို့နယ်စစ်ရှောင်စခန်းကို စစ်ကော်မရှင်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီး အပြင်းအထန်ဒဏ်ရာရခဲ့

ဩဂုတ်လ ၂၀ ရက်။

ကန်ပက်လက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ တစ်နေရာကို သြဂုတ်လ ၁၅ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်ရှောင်တဲတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနရဲ့ ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ရှောင်တွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချကာ တိုက်ခိုက်ခဲ့လို့ အသက် ၃၅ ခန့်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စစ်ရှောင်တဲ ၂ လုံးမှာလည်း လုံးဝ ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ လောက်ကလည်း ကန်ပက်လက်မြို့နယ်အတွင်း စစ်ရှောင်ရင်းသွာလာနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့လို့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး တစ်ဦးနဲ့ အသက် တစ်နှစ်ခွဲခန့်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တောတောင်တွေထဲ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေအနေဖြင့် သတိဖြင့် နေထိုင်သွားလာကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *