
ဇွန်လ ၁၈ ရက်။
ချင်းပြည်နယ် တီးတိန်မြို့နဲ့ ရိဒ်ခေါ်ဒါရ် ( အိန္ဒိိယ – မြန်မာ) နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ဆောက်လက်စ မံဆောင် မဏိပူရ်မြစ်ကူးတံတားကို လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ မိုင်းနဲ့ လျှပ်စစ်ရှော့တိုက် ဖောက်ခွဲခံခဲ့ရပြီးနောက် ကုန်ပစ္စည်းတင်တဲ့ ကားအကြီးတွေ တံတားပေါ် ဖြတ်သန်းသွားလာလို့ မရတော့ကာသယ်ယူစရိတ်တွေကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
မံဆောင်မဏိပူရ်မြစ်ကူးတံတား မိုင်းခွဲခံရပြီးနောက် တံတားပေါ် ကုန်ပစ္စည်းသည်တဲ့ ကားအကြီးတွေ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်ပစ္စည်းတွေကို တံတားရဲ့ ဟိုဘက် ဒီဘက် ကို အလုပ်သမားဌားသယ်ယူရတော့တာကြောင့် ကုန်ဈေးနှုန်းပိုကြီးမြင့်လာတာလို့ ဒေသခံတွေကပြောပါတယ်။
တီးတိန်မြို့ဒေသခံတစ်ဦးက “မိုးမများခင်ကတော့ မြစ်ဖြတ်ပြီးသွားကြတယ် အခုတော့ မိုးများလာတော့ ကားကြီးတွေက မဝင်နိုင်တော့ အလုပ်သမားတွေနဲ့ သယ်ရတော့ ကုန်ဈေးနှု်းတော့ နဲနဲတက်တယ် အလုပ်သမားတွေအတွက်တော့ အလုပ်တော့ရကြတာပေါ့ တံတားက အသုံးပြုလို့တော့ရတယ် ကားအကြီးတွေပဲ မသွားတာ ပုံမှန်ကား မှန်လုံကားတွေက အေးဆေးသွားလို့ရတယ် ကားအကြီးကတော့ သွားလို့မရတော့ ကုန်ပစ္စည်းကို ဟိုဘက်ကနေ ဒီဘက် သယ်ကြတာ” လို့ပြောပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ် ရိခေါ်ဒါရ်မြို့နဲ့ တီးတိန်အကြား ဆက်သွယ်သွားလာတဲ့ လမ်းမကြီးပေါ်က မံဆောင်း မဏိပူရ်မြစ်ကူးတံတားရဲ့ နယ်စပ်ဘက်ခြမ်း ရေလယ်တိုင်တစ်ခုကို လက်နက်ကိုင်အဖွဲ့တခုက ဇွန်လ ၇ ရက်နေ့က မိုင်းဖြင့် လျှပ်စစ်ရှော့တိုက် ဖောက်ခွဲခဲ့တာကြောင့် လက်ရှိတံတားပေါ် ကုန်ပစ္စည်းတင်ဆောင်တဲ့ ကားအကြီးတွေ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့တာလည်းဖြစ်ပါတယ်။
မံဆောင်ကြိုးတံတားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့လို့ ကျိုးကျ ပျက်စီးခဲ့ရပြီးနောက် ဒေသခံတွေက လူအင်အား၊ ငွေအင်အားအကုန်ကျခံကာ ကိုယ်ထူကိုယ်ထ ယာယီတံတားခင်း အသုံးပြုခဲ့ကြတာလည်းဖြစ်ပါတယ်။

