
ဇွန်လ ၁၆ ရက်။
စစ်ကိုင်းတိုင်း ၊ ကလေးမြို့ပေါ်မှာ လမ်းတွေမှာ ခြေကျင်နဲ့ လျှောက်ပြီး တံမြက်စည်းလိုက်ရောင်းတဲ့ အသက် ၃၃ နှစ်အရွယ် ရဲဇော်ဟာ ပြီးခဲ့တဲ့ အပတ်လောက်က သတ်ဖြတ်ခံရပြီး အလောင်းဖျောက်တာခံခဲ့ရတယ်လို့ မိသားစုတွေ ကြုံတွေ့ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်လောက်က ၃ ရက်အကြာပျောက်နေတဲ့ အသက် ၃၃ နှစ်အရွယ် ရဲဇော်ကို မိသားစုဝင်တွေက လိုက်စုံစမ်းကြရင်း ပြင်သာသုသာန်တွင် သေနတ်ဒဏ်ရာ ၂ ချက်နဲ့ ခန္ဓာကိုယ်နှိပ်ဆက်ခံထား အလောင်းကို မိသားစုဝင်တွေက တွေ့ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးပြောတာက “သူက လမ်းတွေမှာ ခြေကျင်နဲ့လျှောက်ပြီးတော့ တံမြက်စည်းလိုက်ရောင်းတဲ့သူဖြစ်တယ် အဲဒါသူပျောက်ပြီးတော့ ၃ ရက်မြောက်မှာ လိုက်စုံစမ်းရင်းနဲ့ ပြင်သာ သဂြိုလ်းမှာ မိသားစုတွေတွေ့တော့ မြှုပ်ခါစရှိသေးတယ် သုသာန်စောင့် သုဘရာဇာကို ၅ သောင်းပေးပြီးတော့ ပန်ဖော်ခိုင်းပြီးမှ အလောင်းက ပလစတိတ်နဲ့ ပတ်ပြီးမြှုပ်ထားတာတေ့ွတယ် ရဲဇော်ရဲ့အလောင်းဖြစ်နေတာပေါ့နော် အခုတော့ ရက်လည်ပြီးသွားပြီး အလောင်းမှာ ဒဏ်ရာဒဏ်ချက်တွေ နောက်ပြီး သေနတ်ကျည်ရာ နှစ်ခုရှိတယ် စစ်တပ်က သတ်တယ်လို့ ယူဆရတယ် စစ်တပ်မဟုတ်ရင်တောင် စစ်တပ်လက်အောက်ခံ ပျူတွေ အပြာဝတ်တွေဘဲ မြို့ထဲမှာ သေနတ်ရှိတယ်လေ တကယ်တမ်းက သတ်ပြီးအလောင်းဖျောက်တာ မိသားစုကလိုက်စုံစမ်းပြီးမှ ပြန်တွေ့တာ သေတာတွေက ရက်စွဲအတိကျမသိရတော့ ပြီးခဲ့တဲ့တပတ်လောက်က ဖြစ်မယ်” လို့ပြောပါတယ်။
သေဆုံးသွားတဲ့ ရဲဇော် (၃၃) နှစ် ဟာ ကလေးမြို့ အောင်သစ္စာရပ်ကွက် တွင် နေထိုင်သူဖြစ်ပြီး ကလေးငယ် ၂ ယောက်နဲ့ အမျိုးသမီးကျန်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

