Headlines

UFC ဖလိုက်ဝိတ်တန်းချန်ပီယံ Joshua Van ရဲ့ခါးပတ်ကာကွယ်ရမယ့်ပွဲကို ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ်

ဖေဖော်ဝါရီလ ၂၃ ရက်။

UFC ဖလိုက်ဝိတ်တန်း (Flyweight) ချန်ပီယံ မြန်မာနွယ်ဖွား ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ ချန်ပီယံခါးပတ် ကာကွယ်ရမယ့်ပွဲကို ဂျပန်ဖိုက်တာ Tasuro Taira နဲ့လာမယ့် ဧပြီလ ၁၁ ရက်နေ့ UFC 327 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်မယ့်အကြောင်း UFC က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကြေညာထားပါတယ်။

ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲဟာ UFC သမိုင်းမှာ အာရှနွယ်ဖွား ဖိုက်တာ ၂ ဦးရဲ့ ပထမဆုံး ခါးပတ်လုပွဲ ဖြစ်လာမှာလို့လည်း သိရပါတယ်။

ချင်းဖိုက်တာ Joshua Van နဲ့ ယှဉ်ပြိုင်ထိုသတ်မယ့် ဂျပန်ဖိုက်တာ Tasuro Taira ဟာ ၂၀၂၅ ခုနှစ်အတွင်း ထိုးသတ်ခဲ့တဲ့ ပွဲတော်တော်များများကို ရှုံးပွဲမရှိ အနိုင်ရထားသူလို့လည်း နာမည်ရထားသူဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနွယ်ဖွား ချင်းဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့က ကျင်းပခဲ့တဲ့ UFC ဖလိုက်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲမှာ ပြိုင်ဘက် ဘရာဇီးနိုင်ငံသားကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူပြီး ဖလိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို ထိုက်တန်စွာ ဆွတ်ခူးထားသူလည်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားပြီး ၈ ပွဲနိုင်၊ ၁ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *