
မကွေး – စစ်ကိုင်း- ချင်းပြည်နယ် နယ်စပ်တွေမှာ စစစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်နေကြတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (MRO / CDF – Matupi ) တပ်ဖွဲ့ ဘက်က တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ရပြီလို့ MRO / CDF – Matupi တပ်ဖွဲ့ အတွင်းရေးမှူး ကိုဘွေအုပ်က Chin World မီဒီယာကို ပြောပါတယ်။
MRO / CDF – Matupi တပ်ဖွဲ့ အတွင်းရေးမှူး ကိုဘွေအုပ်က “လက်ရှိ MRO / CDF – Matupi တပ်ဖွဲ့ အနေနဲ့ မကွေး – စစ်ကိုင်း ချင်းနယ်စပ် စစ်ကြောင်း စစ်ဆင်ရေးတွေမှာ ပါဝင်ကြတယ် လောလောဆယ် တိုက်ပွဲတွေအတွင်း MRO / CDF – Matupi တပ်ဖွဲ့ဘက်က တစ်ဦးဒဏ်ရာရတယ်၊ တစ်ဦး ကျဆုံးတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေက ပြင်းထန်ဆဲ အခြေအနေမှာ ရှိနေပါတယ်” လို့ပြောပါတယ်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (MRO / CDF – Matupi ) တပ်ဖွဲ့က ရဲဘော် အောင်ပိုင် (ခ) ဟာ ဒီဇင်ဘာလ ၈ ရက်နေ့က တိုက်ပွဲပြင်းထန်နေတဲ့ ရှေ့တန်းတစ်နေရာမှာ တိုင်းပြည်နယ် လူမျိုးအတွက် အသက်ပေးခဲ့ရတယ်လို့ MRO / CDF – Matupi တပ်ဖွဲ့ ရဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ကို ထိန်းချုပ်ထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (MRO / CDF – Matupi ) တပ်ဖွဲ့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိမှာလည်း မကွေး – စစ်ကိုင်း ချင်းနယ်စပ် စစ်ကြောင်း စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်နေပါတယ်။

