
မြန််မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးပုဒ် ၅၀၅(က)ဖြင့်ထောင်ကျနေသူ၊ထွက်ပြေးတိမ်းရှောင်နေရသူနဲ့ အမူရင်ဆိုင်နေရသူ စုစုပေါင်းလူ ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေး၊အမှုပိတ်သိမ်းကြောင်း အာဏာသိမ်းစစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။
၅၀၅(က)ဖြင့် ပြစ်မှုကျခံနေသူ ၇၂၄ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း၊၅၀၅(က)ဖြင့် ပြစ်ဒဏ်ကျခံနေသူ၂၃၆၁ ဦးအား ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း၊၅၀၅(က)ဖြင့် ထွက်ပြေးတိမ်းရှောင်သဖြင့်၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး အားကြားနာစစ်ဆေးဆဲအမှုများ ပိတ်သိမ်းလိုက်ကြောင်းအာဏာသိမ်းစစ်ကော်မရှင်က ကြေညာလိုက်ပါတယ်။
နို၀င်ဘာလ ၂၅ ရက်မှာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ ယာယီခိုလှုံခွင့်အကာအကွယ်ပေးမှု(TPS )ကို ရပ်ဆိုင်းပြီးနောက်ရက်မှာပဲ စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ထုတ်ပြန်လာတာဖြစ်ပါတယ်။

