Headlines

လေကြောင်းရန်ကြောင့် ထန်တလန်မြို့နယ်အတွင်းရှိ ကျောင်းအားလုံးပိတ်ထားဖို့ CDF – Thantlang ထုတ်ပြန်

created by Polish

အောက်တိုဘာလ ၃၀ ရက်။

စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်ကြောင့် ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေ အားလုံး အကန့်အသတ်မရှိ ပိတ်ထားဖို့ CDF –Thantlangရဲ့ ပညားရေးဌာန က အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ နေ့စဉ် လူနေအိမ်နှင့် စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလို စာသင်ကျောင်းတွေ အားလုံးပိတ်ဖို့ လုပ်ဆောင်ရတာလို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ဟားခါးမြို့နယ် ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး လူအမြောက်အများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ အောက်တိုဘာလအတွင်း ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို တောက်လျောက်လုပ်လာနေတာကြောင့် လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *