
အာရက္ခတပ်တော် (ULA/AA) က ဖမ်းဆီးထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်မေချောင်း၊ ဒလက်စာကျေးရွာနေ( ယခင် အောက်နှုံးဘူးကျေးရွာ)နေ ခူမီး (ချင်း)လူမျိုး ဦးစနီအောင်(ခ) Beung Kang ကို ၂ ပတ်ကျော်ဖမ်းဆီးပြီး မနေ့ အောက်တိုဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝမြို့နယ် ဒလက်စာကျေးရွာနေ ဦးစနီအောင်(ခ) Beung Kang ကို ဒလက်မေကျးရွာရှိ ULA/AA နယ်မြေမှူးရုံးကို လာရောက်ဖို့ နယ်မြေမှူးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ မနေ့က ပြန်လွတ်လာပြီလို့သိရတယ် လက်ရှိလွတ်လာသူရဲ့ အခြေအနေနဲ့ ပက်သက်ပြီးတော့ သေးစိတ်တော့ မသိသေးဘူး အဓိက ခေါ်စစ်ဆေးတာက AA ရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ သူ့ဆီကနေ သတင်းပေါက်လို့ဆိုပြီး ခေါ်စစ်ဆေးတာလို့ပြောတယ်” လို့ပြောပါတယ်။
ULA/AA ရဲ့ ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခံခဲ့ရတဲ့ ခူမီးချင်း အမျိုးသား ဦးစနီအောင်ဟာ စီးပွားရေးအလုပ်ကိုင်နေထိုင်သူဖြစ်ပြီး အာရက္ခတပ်တော် ULA/AA ရဲ့ နိုင်ငံကူးလက်မှတ်ထုတ်တဲ့ကိစ္စ သူ့ဆီကနေ သတင်းပေါက်လို့ဆိုကာ ၂ ပတ်ကျော်အကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာလည်းဖြစ်ပါတယ်။