Headlines

ချင်းအမျိုးသမီးတွေအပေါ် မုဒိန်းကျင့်ခြင်းအပါဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် စုဆောင်းနေတယ်လို့ IIMM က ဆို

သြဂုတ်လ ၁၄ ရက်။

ချင်းအမျိုးသမီးတွေအပေါ် မုဒိန်းကျင့်ခြင်းအပါဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး အချက်အလက်တွေ ဆက်လက် စုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား Independent Investigative Mechanism for Myanmar ( IIMM) ရဲ့ သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အာရက္ခတပ်တော် ( AA) နဲ့ မြန်မာစစ်တပ်တို့က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းထားတဲ့ သတ္တမမြောက် နှစ်ပတ်လည် အစီရင်ခံစာမှာ ပါရှိပါတယ်။

IIMM ရဲ့အစီရင်ခံစာထဲမှာ အာရက္ခတပ်တော်( AA)က ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို စတင်စုံစမ်းခဲ့ သည့်အပြင် ချင်းအမျိုးသမီးတွေကို မုဒိမ်းကျင့်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း ဆက်လက်စုဆောင်းနေတဲ့အကြောင်း ပါရှိပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား ( IIMM) အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစလို့ အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အထောက်ထားတွေ စုဆောင်းတာတွေကို ပြုလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ယန္တရားအနေဖြင့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့က ကျူးလွန်သည့်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများအား စုံစမ်းထားသည်ကို သတ္တမမြောက် နှစ်ပတ်လည်အစီရင်ခံစာတွင် လေ့လာနိုင်ပါသည်။လို့ IIMM ရဲ့အစီရင်ခံစာမှာပါရှိပါတယ်။

အာရက္ခတပ်တော်( ULA / AA )ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၂၅ ခုနှစ်အတွင်း မုဒိန်းမှု ၁ ခုသာရှိပြီး တခြားရာဇဝတ်မှုတွေလည်း ကြီးကြီးမားမား ဖြစ်ပွားတာ မတွေ့ရဘူးလို့ ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ ၁၀ ကြိမ်မြောက် သတင်းစားရှင်းလင်းပွဲမှာ ဖြေကြားထားပါ။

ပလက်ဝမြို့နယ်ကို AA တပ်ဖွဲ့ ထိန်းချုပ်လိုက်တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစလို့ တစ်နှစ်ကျော်အတွင်း လူသတ်မှု ၆ ကြိမ်၊ မုဒိမ်းမှု (၅) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း လူ့အခွင့်အရေးမှတ်တမ်းတွေအရ သိရှိရတယ်လို့ ပလက်၀အဖွဲ့အစည်းများဖြစ်တဲ့ Global Khumi Organization (GKO) နဲ့ နိုင်ငံတကာခူမီးလူငယ်များအသင်း ( GKYA) တို့က သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *