Headlines

သူကြိုက်တဲ့ မင်းသမီး မိုးဟေကို နဲ့ တွေ့ခွင့်ရသွားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van

ဒီကနေ့ ဇူလိုင်လ ၄ ရက်မနက်မှာ Canal+ ကနေ UFC ဖလိုင်းဝိတ်တန်းအဆင့် ၁ ဖိုက်တာ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ UFC 317 နိုင်ပွဲအတွက် အင်တာဗျူးလုပ်နေတဲ့ အချိန်မှာ Joshua Van ကို surprise အကြီးကြီး တိုက်ချလိုက်ပါတယ်။

အဲဒါကတော့ Joshua Van အသက်ငယ်ငယ် လေးကတည်းကနေ သဘောကျ အားပေးခဲ့တဲ့ မြန်မာမင်းသမီးမိုးဟေကို နဲ့ တွေ့ဆုံပေးလိုက်တာပါ။

မြန်မာပြည်ဖွား ၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိအချိန်ထိ UFC ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားကာ ၈ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ကောင်း ရရှိထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *