Headlines

မိုးကြီးလို့ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်မြို့က နေအိမ်(၅)လုံးနှင့်တည်းခိုခန်း (၁)လုံးပြိုကျ

မေလ ၃၁ ရက်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုကြောင့် မနေ့ မေလ ၃၀ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ဘဇားရ်ရပ်ကွက် (Bazar Veng) နှင့် ချန်းမာရီရပ်ကွက်(Chandmary) မှာနေအိမ်(၅)လုံးနှင့် တည်းခိုခန်း (၁)လုံးမြေပြိုကျပျက်စီးသွားပြီး တည်းခိုခန်းပြိုကျမှုကြောင့်ပိတ်မိနေတဲ့သူ(၆)ဦးကို လက်ရှိအချိန်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီဇိုရမ်ပြည်နယ်သတင်းမီဒီယာများကဖော်ပြထားပါတယ်။

မြေပြိုကျတဲ့ တည်းခိုခန်းမှာပိတ်မိပြီးလွတ်မြောက်လာသူတွေဟာရခိုင်ပြည်ကလာတဲ့ မြန်မာနိုင်ငံသားကုန်သည်တွေဖြစ်ကြောင်း၊ပြိုကျပျက်စီးသွားတဲ့ တည်းခိုခန်းဟာ မြန်မာနိုင်ငံသားကုန်သည်တွေ တည်းခိုလေ့ရှိတဲ့နေရာဖြစ်တယ်လို့လည်းမီဇိုရမ်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မေလ ၃၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ပြည်နယ်ရဲ့နေရာအများအပြားမှာ မြေပြိုမှုများဖြစ်ပွါးနေကာ၊မြေပြိုမှု​တွေ​ကြောင့် ထိခိုက်သေဆုံးသူတွေ၊ဒဏ်ရာရသူတွေရှိနေတယ်လို့​ မီဇိုရမ်သတင်းမီဒီယာတွေဆီက သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *