Headlines

ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ကြေညာ

မေလ ၂၇ ရက်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွှတ်တာကြောင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေအနေနဲ့ ပါတီအမည်ဖော်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားလျက်ရှိနေတဲ့အကြောင်းနဲ့ လက်ရှိအချိန်ထိ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ အဖွဲ့ ၂၇ ဖွဲ့ရှိပြီး အဲဒီထဲကနေ ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်ကြောင်း စိစစ်တွေ့ရတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပါတီတည်ထောင်ခွင့်ရရှိတဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ခွင့််ပြုချက်ရရှိတဲ့နေ့ကစလို့ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နဲ့အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားရမှာဖြစ်ပြီး ယနေ့အထိ ပါတီတည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၆ ပါတီ ရှိပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ပါတီတည်ထောင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို ၂၀၂၅၊ မတ်လ ၆ ရက်နေ့က လျှောက်ထားခဲ့တာလည်းဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ် နဲ့ နောက်နှစ်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်၊ ဒုတိယအပတ်တွေမှာ ၁ လ အချိန်ယူပြီး ကျင်းပပြုလုပ်မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ကိုယ်စားပြုပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီတို့က ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *