Headlines

စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှမ်းခါးရွာမှ CDM ဆရာဝန်မိသားစုသေဆုံးမှုဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ပြုလုပ်

မတ်လ၂၅ ရက်။

မတ်လ ၂၂ ရက်က စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာက CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်တို့တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီကဦးဆောင်ပြီး မတ်လ ၂၄ ရက်ညမှာ ဝမ်းနည်းခြင်းသပိတ်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ကြရင်း အကြမ်းဖက်သတ်ဖြတ်ခံရသူတွေ၊ တပါးသူရဲ့အသက်ကို ကယ်တင်ရင်း မိမိအသက်ကို ပေးဆပ်ခဲ့ကြရသူတွေအားလုံးရဲ့ ရဲစွမ်းသတ္တိနဲ့ပြတ်သားခိုင်မာတဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် CDM အားလုံးနဲ့ထပ်တူလေးစားဂုဏ်ယူပါကြောင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် နှမ်းခါးရွာဆေးပေးခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် ပြည်သူလူထုမှ နည်းလမ်းပေါင်းစုံနဲ့ ဝိုင်းဝန်းရှုတ်ချကြပါရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *