Input your search keywords and press Enter.

AA ဖမ်းဆီးထားသည့် ရပ်ဒိန်ရွာသားများ ထိခိုက်ဒဏ်ရာမရရှိပဲပြန်လည်လွတ်မြောက်လာ

Salai Khup Khup

AAအဖွဲ့ ဖမ်းဆီးခြင်းခံရသည့် ပလက်ဝမြို့နယ် ရပ်ဒိန်ရွာသား (၄)ဦး မေလ(၂၅) ရက်နေ့တွင် ထိခိုက်ဒဏ်ရာမရဘဲ ပြန်လွတ်လာပြီဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “မနေ့ကပြန်လွတ်ပြီ၊ ပျောက်သွားတဲ့လေးယောက်က ဆမီးနဲ့ ပလက်ဝကြားက ရပ်ဒိန်ရွာက လူတွေဖြစ်တယ်၊ တောထဲကို ထင်းသယ်ဖို့သွားရင်း အဖမ်းခံရတယ်လို့ သိရတယ်၊ သုံးရက်လောက် အဖမ်းခံရတာဖြစ်တယ် ထိခိုက်ဒဏ်ရာမရဘဲနဲ့ ပြန်လွတ်လာတယ်လို့တော့ သိရတယ်၊ ကျတော်တို့အနေနဲ့ ဒီလိုမျိုးတွေ မဖြစ်စေချင်ရုံကလွဲရင် ပြောစရာမရှိဘူး”ဟုပြောသည်။

ပလက်ဝမြို့နယ် တင်းဘုန်းကျေးရွာအုပ်စု ရပ်ဒိန်ကျေးရွာမှ အမျိုးသား ၄ ဦးဖြစ်သည့် ဦးသန်းထွန်း၊ ဦးဒီဆား၊ ဦးကိုကိုအောင်နှင့် ဦးလုံဘဲ တို့မှာ မတ်လ ၂၂ ရက်နေ့တွင် ထင်းသယ်သွားရာ ရက္ခိုင့်စစ်တပ်(AA) ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင်း အရပ်သားအချို့ကို ၎င်းတို့၏ လုံခြုံရေး၊ စစ်ရေးအရ မသင်္ကာမှုဖြင့် AAက ဖမ်းဆီးစစ်ဆေးခြင်း များရှိပြီး တပ်မတော်ဖက်ကလည်း AA ပတ်သက်သည်ဟု မသင်္ကာပါက ဖမ်းဆီးစစ်ဆေးမှုများ ရှိကြောင်း သိရသည်။

ချင်းလူ့အခွင့်အရးအဖွဲ့၏ မှတ်တမ်းအရ ၂၀၁၉ ခုနှစ်အတွင်း ပျောက်ဆုံးသွားပြီး ယနေ့အထိ နေအိမ်များသို့ ပြန်ရောက်မလာသူ အမျိုးသား ၁၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။