Headlines

“အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ “အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

“ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကို အခု ပြန်စပါပြီ။ ဒီနေ့ကစလို့ ကျနော်တို့ တိုင်းပြည်ဟာ ပွင့်လင်းပြီး တကမ္ဘာလုံးက လေးလေးစားစား ဆက်ဆံခံရတဲ့တိုင်းပြည် ပြန်ဖြစ်လာပါမယ်။ နိုင်ငံတိုင်းက အားကျရပြီး၊ ကျနော်တို့ကို ဘယ်လိုမှ အမြတ်ထုတ် အခွင့်အရေး ယူတာမျိုး ခွင့်မပြုနိုင်တော့ပါဘူး။ Trump အစိုးရလက်ထက် နေ့စဉ်တိုင်းမှာ အမေရိကန်ကသာ ပထမဦးစားပေး ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ရပါမယ်။ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူနဲ့ ညီညွတ်ရေးသမားအဖြစ် ဂုဏ်ယူစွာနဲ့ သမိုင်းအမွေထားရစ်ပါမယ်။ မနေ့က ပြောသလိုပါပဲ ကျနော် သမ္မတတာဝန် မယူခင် တရက်မှာပဲ အရှေ့အလယ်ပိုင်းက ဓါးစာခံတွေ လွတ်မြောက်လာပြီး သူတို့ မိသားစုတွေဆီ ပြန်သွားကြပါပြီ။”

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

ဇန်နဝါရီလ ၂၀ ရက်မှာ ဝါရှင်တန်ဒီစီ မြို့တော်ရဲ့ လွှတ်တော် အဆောက်အအုံမှာ ကျင်းပခဲ့တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားမှာ အမေရိကန်နိုင်ငံရဲ့ ၄၇ ဆက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့အပြီးမှာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာခဲ့ပါပြီ။

လက်ရှိ အချိန်ထိ သမ္မတထရမ့်က လက်မှတ်ရေးထိုးထားတဲ့ အမိန့်တွေထဲမှာ ပါရီ ရာသီဥတု ထိန်းသိမ်းရေး သဘောတူ စာချုပ်ကနေ အမေရိကန် နုတ်ထွက်မယ့် ကိစ္စ၊ အမေရိကန်မှာ အစိုးရသစ်ရဲ့ ယန္တရားတွေ အပြည့်အဝ မလည်ပတ်သေးခင်မှာ ဖက်ဒရယ်ဌာနတွေရဲ့ ဝန်ထမ်းတွေ ခန့်အပ်မှုကို ဆိုင်းငံ့ထားရေးကိစ္စ၊ ဥပဒေကြောင်းအရ စွပ်စွဲချက်တွေကို နိုင်ငံရေးမှာ လက်နက်အဖြစ် အသုံးချနေမှုတွေကို တားမြစ်တဲ့ ကိစ္စတွေ ပါဝင်သလို သမ္မတဟောင်း ဘိုင်ဒန်လက်ထက် အမိန့်အများစုကိုပါ ပယ်ဖျက်ခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ဒန်အနိုင်ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လွှတ်တော်မှာ အတည်မပြုနိုင်စေဖို့အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တုန်းက လွှတ်တော်ကို ဝင်ရောက် စီးနင်းခဲ့သူ ထရမ့်ထောက်ခံသူ ၁၅၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုဖို့လည်း ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ထရမ့် ထောက်ခံသူတွေဟာ အဲဒီ အမိန့်ကို အတည်ပြုပြီး နာရီပိုင်းအတွင်း လွတ်မြောက်လာဖွယ် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *