

Shing Mang
ပလက်ဝစစ်ဘေးဒုက္ခသည်များအတွက် ဟားခါးမြို့ရှိ ပလက်ဝတက္ကသိုလ် ကျောင်းသားများမှ Coffee Night ပြုလုပ်ကာ အလှူငွေရှာဖွေကြောင်းသိရသည်။
“ ကျွန်တော်တို့ ဟားခါးမှာ နေတဲ့အခါမှာ ကျွန်တော်တို့ စားသောက်နိုင်တယ်။ ပျော်ရွှင်နိုင်ပေမယ့် တစ်ဖက်မှာ မပျော်ရွှင်နိုင်တဲ့ သွေးချင်းညီအကိုတွေ ရှိတဲ့အခါ ကျွန်တော်တို့ ကျောင်းသားတွေ အနေနဲ့ အရမ်းပဲကူညီချင်တယ်။ ဒါပေမယ့် ဘယ်လိုကူညီနိုင်မလဲကျွန်တော်တို့ အဖြေမရှာနိုင်ဘူး နောက်ဆုံးတော့ ကျွန်တော်တို့ ပြန်စုပြီးမှ အခုလိုလုပ်ဖြစ်တာပါ ၊သူတို့ အတွက်လိုအပ်တဲ့ဟာကို ကျွန်တော်တို့ တတ်နိုင်သလောက်ကူညီပေးဖို့ အဓိကရည်ရွယ်တာပါ” ဟု ရန်ပုံငွေရှာဖွေရာတွင်ပါဝင်ဦးဆောင်သူ ဆလိုင်း အောင်လင်း မှ ပြောသည်။
ပလက်ဝစစ်ဘေး ဒုက္ခသည်များအတွက် ဟားခါးမြို့ရှိ ပလက်ဝကျောင်းသားများမှ ဆိုင်ကယ်ရေဆေးဖြင့် အလှူငွေရရှိရန်ဆောင်ရွက်ခဲ့ပြီး ယခုသည် ဒုတိယအကြိမ် ရန်ပုံငွေရှာဖွေခြင်းဖြစ်သည်။
ပလက်ဝ ဒေသအတွင်းရှိနေတဲ့ ဒုက္ခသည်များကို အဓိကကူညီပေးသွားမှာဖြစ်ပြီး ချင်းပြည်နယ်အစိုးနှင့်လည်း ပူးပေါင်းဆာင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
ဆလိုင်း အောင်လင်း မှ “ သိန်း ၂၀ လောက် ရဖို့တော့ မှန်းထားတယ် ၊ ပိုက်ဆံနဲ့တော့ တိုက်ရိုက်မလှူဒါန်းဘူး ဆန်နဲ့ လှူဒါန်းသွားမှာဖြစ်တယ်၊အစိုးရက ဘယ်မှာ ဝေမလဲဆိုတာကို သူတို့နဲ့ချိတ်ဆက်ပြီးမှ ပေါ့။ သူတို့ရဲ့လုပ်ဆောင်ချက်က ပိုပြီးမှ ကောင်းတယ်ပေါ့ ၊ဆန်အိတ်တွေကို အစိုးရဆီကနေတဆင့် ဝေပေးပါဆိုပြီး အကူညီတောင်းသွားမှာပါ ၊ ပို့တဲ့ချိန်မှာလည်း လူမရှိဘူးဆိုရင်လည်း ကျွန်တော်တို့ ကျောင်းသားထဲကနေပဲ ပို့ပေးမယ်၊လုံခြုံရေးတော့ လုပ်ပေးပါ ဆိုပြီးတော့ ညှိနှိုင်းထားတာလည်းရှိတယ်” ဟုပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ ဒုက္ခသည်များအတွက် ရန်ပုံငွေရှာခြင်းကို ပလက်ဝမှ ဟားခါးမြို့သို့ လာရောက်ကျောင်းတက်သည့် တက္ကသိုလ်ကျောင်းသားများစုကာ ရန်ပုံငွေ ရှာခြင်းဖြစ်ပြီး ဟားခါးမြို့တွင် ပလက်ဝကျောင်းသားဦးရေ ၅ဝကျော် ရှိကြောင်းသိရသည်။
Zawgyi
ပလက္ဝစစ္ေဘး ဒုကၡသည္မ်ားအတြက္ ဟားခါးၿမိဳ႕ရွိ ပလက္ဝတကၠသိုလ္ေက်ာင္းသားမ်ားမွ အလႉေငြရွာေဖြ
ပလက္ဝစစ္ေဘးဒုကၡသည္မ်ားအတြက္ ဟားခါးၿမိဳ႕ရွိ ပလက္ဝတကၠသိုလ္ ေက်ာင္းသားမ်ားမွ Coffee Night ျပဳလုပ္ကာ အလႉေငြရွာေဖြေၾကာင္းသိရသည္။
“ ကၽြန္ေတာ္တို႔ ဟားခါးမွာ ေနတဲ့အခါမွာ ကၽြန္ေတာ္တို႔ စားေသာက္နိုင္တယ္။ ေပ်ာ္ရႊင္နိုင္ေပမယ့္ တစ္ဖက္မွာ မေပ်ာ္ရႊင္နိုင္တဲ့ ေသြးခ်င္းညီအကိုေတြ ရွိတဲ့အခါ ကၽြန္ေတာ္တို႔ ေက်ာင္းသားေတြ အေနနဲ႔ အရမ္းပဲကူညီခ်င္တယ္။ ဒါေပမယ့္ ဘယ္လိုကူညီနိုင္မလဲကၽြန္ေတာ္တို႔ အေျဖမရွာနိုင္ဘူး ေနာက္ဆုံးေတာ့ ကၽြန္ေတာ္တို႔ ျပန္စုၿပီးမွ အခုလိုလုပ္ျဖစ္တာပါ ၊သူတို႔ အတြက္လိုအပ္တဲ့ဟာကို ကၽြန္ေတာ္တို႔ တတ္နိုင္သေလာက္ကူညီေပးဖို႔ အဓိကရည္ရြယ္တာပါ” ဟု ရန္ပုံေငြရွာေဖြရာတြင္ပါဝင္ဦးေဆာင္သူ ဆလိုင္း ေအာင္လင္း မွ ေျပာသည္။
ပလက္ဝစစ္ေဘး ဒုကၡသည္မ်ားအတြက္ ဟားခါးၿမိဳ႕ရွိ ပလက္ဝေက်ာင္းသားမ်ားမွ ဆိုင္ကယ္ေရေဆးျဖင့္ အလႉေငြရရွိရန္ေဆာင္ရြက္ခဲ့ၿပီး ယခုသည္ ဒုတိယအႀကိမ္ ရန္ပုံေငြရွာေဖြျခင္းျဖစ္သည္။
ပလက္ဝ ေဒသအတြင္းရွိေနတဲ့ ဒုကၡသည္မ်ားကို အဓိကကူညီေပးသြားမွာျဖစ္ၿပီး ခ်င္းျပည္နယ္အစိုးႏွင့္လည္း ပူးေပါင္းဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း သိရသည္။
ဆလိုင္း ေအာင္လင္း မွ “ သိန္း ၂၀ ေလာက္ ရဖို႔ေတာ့ မွန္းထားတယ္ ၊ ပိုက္ဆံနဲ႔ေတာ့ တိုက္ရိုက္မလႉဒါန္းဘူး ဆန္နဲ႔ လႉဒါန္းသြားမွာျဖစ္တယ္၊အစိုးရက ဘယ္မွာ ေဝမလဲဆိုတာကို သူတို႔နဲ႔ခ်ိတ္ဆက္ၿပီးမွ ေပါ့။ သူတို႔ရဲ့လုပ္ေဆာင္ခ်က္က ပိုၿပီးမွ ေကာင္းတယ္ေပါ့ ၊ဆန္အိတ္ေတြကို အစိုးရဆီကေနတဆင့္ ေဝေပးပါဆိုၿပီး အကူညီေတာင္းသြားမွာပါ ၊ ပို႔တဲ့ခ်ိန္မွာလည္း လူမရွိဘူးဆိုရင္လည္း ကၽြန္ေတာ္တို႔ ေက်ာင္းသားထဲကေနပဲ ပို႔ေပးမယ္၊လုံျခဳံေရးေတာ့ လုပ္ေပးပါ ဆိုၿပီးေတာ့ ညႇိႏွိုင္းထားတာလည္းရွိတယ္” ဟုေျပာသည္။
ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ဒုကၡသည္မ်ားအတြက္ ရန္ပုံေငြရွာျခင္းကို ပလက္ဝမွ ဟားခါးၿမိဳ႕သို႔ လာေရာက္ေက်ာင္းတက္သည့္ တကၠသိုလ္ေက်ာင္းသားမ်ားစုကာ ရန္ပုံေငြ ရွာျခင္းျဖစ္ၿပီး ဟားခါးၿမိဳ႕တြင္ ပလက္ဝေက်ာင္းသားဦးေရ ၅ဝေက်ာ္ ရွိေၾကာင္းသိရသည္။