Headlines

UFC ချင်းလူငယ် ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာတို့ မတ်လ ၈ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

ဇန်နဝါရီလ ၃ ရက်။

UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် မတ်လ (၈) ရက်နေ့မှာ အသက် ၃၅ နှစ်အရွယ် ဘရာဇီး ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ကြောင်း Joshua Van က ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့မှာ သူ့ရဲ့လူမှုကွန်ယက် ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။

Joshua Van နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဘရာဇီးဖိုက်တာ Bruno Silva ဟာ ပွဲပေါင်း ၁၄ ပွဲနိုင် ၆ ပွဲရှုံး၊ ၂ ပွဲ သရေကျထားတဲ့ ကစားသမားဖြင့်ပြီး UFC Flyweight အဆင့် ၁၃ နေရာမှာ ရပ်တည်ထားသူဖြစ်ပြီး အလွန်တော်တဲ့ တိုက်ခိုက်ရေးသမားလို့လည်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နီဗာဒါး ပြည်နယ်၊ လက်စ်ဗီးဂက်မြို့ရှိ T – Mobile Arena မှာ ကျင်းပခဲ့တဲ့ UFC ပြိုင်ပွဲ UFC 310 ပွဲမှာ အမေရိကန်ဖိုက်တာ Cody Durden နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး Joshua Van က Cody Durden ကို အမှတ်နဲ့အနိုင်ရခဲ့ကာ UFC Flyweight အဆင့် 14 နေရာမှာ ရပ်တည်ထားသူဖြစ်ပါတယ်။

မြန်မာပရိတ်သတ် အများအပြားကအားပေးနေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ UFC ပွဲပေါင်း ၆ ပွဲအထိထိုးသတ်ခဲ့ပြီဖြစ်ကာ UFC ၆ ပွဲမှာ ၅ ပွဲနိုင်၊၁ ပွဲရှုံးနဲ့ ရလဒ်ကောင်းပိုင်ဆိုင်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *