Headlines

စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်ဦးဆောင်ပြီး ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဖွဲ့စည်း

နိုဝင်ဘာလ ၁၂ ရက်။

နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ (၁) နာရီခွဲမှာ ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် က ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ်ပါဝင်တဲ့ ချင်းပြည်နယ်မသန်စွမ်းများ၏ အခွင့်အရေးများဆိုင်ရာကော်မတီကို နိုဝင်ဘာလ ၇ ရက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိပါတယ်။

ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မသန်စွမ်းသူများ၏ အခွင့်အရေးသည်လွန်စွာမှ အရေးကြီးကြောင်း၊ အရေးကြီးသည့်အတွက် နိုင်ငံတော်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ကော်မတီတစ်ခု ဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းတာဝန်များ ကပ်ပါလာကြောင်း၊ လုပ်ငန်းတာဝန်များထဲတွင် SOP မူကြမ်းရေးဆွဲခြင်း၊ မသန်စွမ်းသူများ အသင်းဖွဲ့စည်းခြင်းနှင့် မှတ်ပုံတင်ထုတ်ပေးခြင်းများ ပါဝင် နေကြောင်း၊ သို့ဖြစ်၍ ကော်မတီတွင်ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများက ဆွေးနွေးတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ချင်းပြည်နယ်မှာ ပြင်းထန်လာတဲ့တိုက်ပွဲနဲ့ပဋိပက္ခတွေအကြားမှာ မသန်စွမ်းသူဦးရေအလွန်များပြားလာ ကြောင်း၊ လက်ရှိနိုင်ငံ ရေး အ ခြေအ နေ များ ကြောင့် မသန်စွမ်းဦးရေစာရင်း ကောက်ခံနိုင်ခြင်းမရှိနိုင်သေး ကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်း တွေကဆိုပါတယ်။

ချင်းပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးနှင့် အတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးနေဝါထွန်းတို့က ချင်းပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး ချင်းပြည်နယ် မသန်စွမ်းများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ်ရှိတဲ့အထဲမှာ ပလက်ဝ၊မတူပီ၊တွန်းဇံမြို့နယ်၊ တွေကို AAနဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေက ထိန်းချုပ်ထားပြီး လက်ရှိမှာ ထန်တလန်မြို့၊မင်းတပ်မြို့နဲ့ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်း ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲပြင်းထန် နေပြီးဟားခါးမြို့နဲ့တီးတိန်မြို့ ၂ မြို့မှာသာ စစ် ကောင်စီရဲ့အုပ်ချုပ် ရေးလည်ပတ်နိုင် တော့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *