တီးတိန်မြို့နယ်က အစိုးရ ဝန်ထမ်းများ လကုန်ရက်မှာ လစာရရှိနိုင်ခြင်း မရှိသေးဘဲ ပညာရေးဝန်ထမ်းများ အနေဖြင့် ၂ လစာ ရရှိရန် ကျန်နေကြောင်းသိရ
စက်တင်ဘာလ ၃၀ ရက်။ တီးတိန်မြို့နယ် အတွင်းရှိ အစိုးရ ဝန်ထမ်းများဟာ လစာပုံမှန် ထုတ်ပေးသည့် ရက်ဖြစ်သည့် စက်တင်ဘာ ၃၀ ရက်နေ့မှာ လစာ ရရှိနိုင်ခြင်း မရှိကြသေးဘဲ ပညာရေးဝန်ထမ်းများ အနေဖြင့် ဩဂုတ်လ နှင့် စက်တင်ဘာလ အတွက် ၂ လစာများ ရရှိရန် ကျန်နေကြောင်း တီးတိန်မြို့ခံ တစ်ဦးထံမှ သိရှိခဲ့ရပါတယ်။ “ပညာရေး ဝန်ထမ်းတွေကိုတော့ ဒီပတ် အတွင်း ကျန်ရှိတဲ့ လစာတွေနဲ့ အတူ ပေးနိုင်လိမ့်မယ်လို့ သိရတယ်။ ပြည်နယ်ရုံး ကနေ ငွေမလွှဲသေးလို့ မထုတ်ပေးနိုင်သေးတာလို့ လား ကြားရ ပါတယ်” လို့ အဆိုပါ ဒေသခံထံမှ သိရှိခဲ့ ရပါတယ်။ တီးတိန်မြို့တွင်း တိုက်ပွဲ ဖြစ်ပြီး နောက်ပိုင်းတွင် မြို့နယ်…