Headlines

အရှေ့တီမောသမ္မတနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ ( CHRO) တွေ့ဆုံခဲ့မှုအပေါ် ကန့်ကွက်ကြောင်း ရန်ကုန်ရှိ တီမောသံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကော်မရှင်က သတိပေး

ဇန်နဝါရီလ ၁၇ ရက်။ အာဆီယံအဖွဲ့ဝင်အရှေ့တီမောနိုင်ငံမှာ အရှေ့တီမောသမ္မတနဲ့ ချင်းလူအခွင့်အရေးအဖွဲ့ ( CHRO) ကိုယ်စားလှယ်တွေ တွေ့ဆုံမှုတွေ ရှိခဲ့ပြီး ရက်ပိုင်းအကြာ မနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးက သံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်တွေ့ဆုံပြီး အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို ထိတွေ့ဆက်ဆံတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက အသိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ မြန်မာစစ်ကော်မရှင်ကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ တီမောအစိုးတို့ တွေ့ဆုံတယ်လို့ ထုတ်ပြန်တာမရှိပေမယ့် ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ တီမောသမ္မတို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်သတိပေးတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ…

Read More

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီအစဉ်ကို မီဇိုရမ်အရပ်ဖက်အဖွဲ့ ၂ ဖွဲ့က ဆန့်ကျင်ကြောင်း ဆန္ဒပြ

ဇန်နဝါရီလ ၁၆ ရက်။ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဗဟိုအစိုးရရဲ့ စီစဉ်ဆောင်ရွက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က မီဇိုးကျောင်းသားသမဂ္ဂ(MZP) နဲ့ Zo Re-unification Organization (ZORO) အဖွဲ့တွေက မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်မြို့ Vanapa Hall ရှေ့မှာ ဒီကနေ့ ဇန်နဝါရီ ၁၆ မနက် ၁၁ နာရီမှာ ငြိမ်းချမ်းစွာစုရုံး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသတွင်းအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။ အိန္ဒိယ နဲ့ မြန်မာ နှစ်နိုင်ငံကြား အထူးသဖြင့် မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်အကြား နယ်စပ်ခြံစည်းရိုးခတ်မယ့် စီစဉ်ဆောင်ရွက်မှုတွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် အန္တရာယ်ဖြစ်စေနိုင်ပြီ တစ်ဘက်နိုင်ငံက သွေးချင်းညီအကိုတွေနဲ့ ပိုင်းခြားဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် ဆန့်ကျင် ကန့်ကွက်ရတာလို့ MZP နဲ့…

Read More

ပျောက်ဆုံးသွားတဲ့ နေ့ရက်များနဲ့ ၉ မိုင် မြေက အမှတ်တရ

By 𓆩 Thun Eain Khant 𓆪 တစ်ခါတလေ ဖုန်း Screen ထဲက အလုပ်ကိစ္စတွေကို ခဏဘေးဖယ်ပြီး မျက်စိမှိတ်လိုက်တိုင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ၉ မိုင် တက္ကသိုလ်လမ်းမကြီးဆီကို စိတ်ကူးနဲ့ ပြန်ရောက်သွားတတ်တယ်။ မြူနှင်းတွေကြားက မနက်ခင်း မှတ်မိသေးတယ်… မနက်စောစော နှင်းတွေက ဝေနေအောင်ကျလို့ အေးစိမ့်နေတဲ့ကြားထဲက ဆိုင်ကယ်မောင်းပီး ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေ။ မျက်နှာကို နှင်းမှုန်တွေ လာမှန်ရင် အေးခနဲဖြစ်သွားပေမဲ့ သူငယ်ချင်းတွေနဲ့ ဆုံရမယ့် ကျောင်းတော်ကြီးဆီ အရောက်သွားချင်တဲ့ စိတ်က ပိုနွေးထွေးခဲ့တာပေါ့ နှင်းဝေနေတဲ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်မောင်းရတာ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ ကျောက်တစ်လုံး၊ ရှုခင်းသာ၊ သိုင်းငင်း နဲ့ တောင်ဖီလာ …… ပြီးတော့ ဆင်ရွာထန်းတော မှာ ထိုင်ပြီး အနာဂတ်အကြောင်းတွေ…

Read More

ကျွန်တော်တွေ့ဆုံ နှုတ်ဆက်ခဲ့ဘူးသော သက်တော်ရှည် သီရိပျံချီဦးထပ်လှိုင်း

Salai Okla Bik ဗိုလ်တထောင်သတင်းစာအဟောင်းထဲက နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌဒုတိယဗိုလ်မှူးကြီးအီးကေကင်ငင်းမှ သီရိပျံချီဦးထပ်လှိုင်းအား နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပထမအဆင့်ပေးအပ်ချီးမြှင့်သည့် သတင်းစာဖြတ်ပိုင်း မထင်မှတ်ဘဲ မှတ်စုစာအုပ်ကြား၌ တွေ့မြင်သောအခါ အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူနေပါသည်။ စာအုပ်စာပေချစ်မြတ်နိုးသော အညတြကျွန်တော့်အတွက်ကား အမှိုက်ထဲကရွှေ နွံနစ်ထဲကပတ္တမြားလိုဘဲ။ ထို့ကြောင့်တွေ့ဆုံမေးမြန်းချက်ထဲက အခြားစာအုပ်စာစောင်တွေထဲက သူ့ဘဝပုံရိပ်ကောက်ကြောင်း တစေ့တစောင်း အရိုအသေပေးဂါရဝပြုသည့်အနေဖြင့် ဆောင်းပါးမတိုမရှည် စာကလောင်သွေးနေရခြင်းဖြစ်သည်။ သူသည် ၁၉၀၇ခုနစ်မတ်လတွင် ပလက်ဝမြို့နယ်လောင်းကဒူးရွာတွင် ဦးကိန်ထုန်းနှင့်ဒေါ်အန်ဆောက်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ထာ့လဲန်းဖြစ်သည်။ မွေးချင်းငါးယောက်အနက် သုံးယောက်မြောက်သားဖြစ်သည်။ ငယ်စဥ်ကပလက်ဝမြို့၌ စတင်ပညာသင်ယူခဲ့သည်။ စစ်တွေစာစစ်ဌာနမှ သတ္တမတန်းအောင်မြင်သည်။ ထို့နောက်ပလက်ဝမြို့ပေါ်၌ ပြောင်းရွှေ့ကာ အခြေချခဲ့သည်။ ထို့နောက်ဆမီးအမက၌ မူအုပ်အဖြစ် သုံးနစ်ထမ်းဆောင်ခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဌာနသို့ပြောင်းရွှေ့ခဲ့သည်။ ကျောက်တော်၊ စစ်တွေမြို့၌ သင်တန်းတက်ရောက်ခဲ့သည်။ ၁၉၃၁ခုနစ်မှ ၁၉၄၅ခုနစ်အထိ ပြည်သူ့ရဲတပ်ဖွဲ့၌ ရဲအုပ်အဆင့်ဖြင့် ထပ်မံထမ်းဆောင်ခဲ့သည်။…

Read More

ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ရဲဘော် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ CDF – KKG ထုတ်ပြန်

ဇန်န၀ါရီလ ၁၆ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အခြေပြုစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Chinland Defense Force – Kalay Kabaw Gangaw (CDF – KKG ) တပ်ဖွဲ့ဝင် ၁၂ ဦး ဟာ ကလေး – ဂန့်ဂေါ ဒေသ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့ရပြီလို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျဆုံးရဲဘော် အများစုဟာ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါအကြားမှာရှိတဲ့ အာဏာသိမ်း စစ်ကော်မရှင်နဲ့တိုက်ပွဲအကြား ကျဆုံးခဲ့ကြတာလို့လည်း CDF – KKG ထုတ်ပြန်ချက်အရ သိရပါတယ်။ ကလေးမြို့နယ် မှန်တော တိုက်ပွဲအတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၇)…

Read More

မျက်နှာမူရာဆီသို့ အရောက်လှမ်းခဲ့သူ ချင်းသတင်းသမား Pu Tui Dim ( ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ)

ရေး – DonBosco Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌ စတင်တည်ထောင်ရာတွင်ပါ၀င်သူဖြစ်ကာ ချင်းပြည်နယ်၏ ပထမဆုံးသတင်းဌာနဖြစ်သော ခေါနူးသုမ် (Khonumthung News) ၏ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ တိုင်းရင်းသားမီဒီယာများစုဖွဲ့သည့် ကွန်ရက် (BNI) ကို တည်ထောင်သူ၊ ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF/A)ရဲ့တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ Pu Tui Dim သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းပေါ်၌ စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ အခြားသော အရပ်သား ၉ ဦးနှင့်အတူ လူသားဒိုင်းအဖြစ် အသုံးပြုခံရကာ ဇန်နဝါရီလ ၉ ရက်နေ့တွင် ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ရကာ ယခု ၂၀၂၅…

Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်လက်ချက်ကြောင့် ချင်းပြည်နယ်က အမျိုးသမီး ၈ ဦးသေဆုံး

ဇန်နဝါရီလ ၁၅ ရက်။ မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (၇၉၂) ဦးသေဆုံးခဲ့ရတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး (၈) ဦးလည်း ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး ၊ ပဋိပက္ခနှင့် ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကြောင့် ၅ ဦး၊၊ ထောင်တွင်းဆေးဝါးကုသခွင့် မရရှိမှုတွေကြောင့် ၃ ဦး နဲ့ ကျည်ထိမှန်မှုကြောင့်…

Read More

ဟားခါးမြို့က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို CDF – Hakha က အမည်ပျက်စာရင်းကြေညာထားပြီး လာရောက်ဖြေရှင်းကြဖို့သတိပေး

ဇန်နဝါရီလ ၁၅ ရက်။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်က တင်ဒါကုမ္ပဏီတချို့နဲ့ လူပုဂ္ဂိုလ်တချို့ကို အမည်ပျက်စာရင်း ကြေညာပြီး ၎င်းတို့အနေဖြင့် ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းခြင်းမရှိရင် ပိုင်ဆိုင်မှုတွေ သိမ်းပိုက်ပြီး ဟားခါးမြို့နယ်အတွင်း စီးပွားရှာနေထိုင်သွားလာခွင့် ပိတ်ပင်သွားမယ်လို့ CDF – Hakha Central Council က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ CDF – Hakha Central Council က ကြေညာတဲ့ အမည်ပျက်စာရင်းမှာ ပါရှိတဲ့ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တွေဟာ စစ်အုပ်စုရဲ့ အစေတော်ခံ ဒုတိုင်းမှူး၊ ဗျူဟာမှူးကအစ ၊ ဝန်ကြီးချုပ် နဲ့ ဝန်ထမ်းတွေ အားလုံးနဲ့ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှုနဲ့ ကိုယ်ကျိုးအတွက် နာမည်မျိုးစုံနဲ့ ကုမ္ပဏီတွေထောင်နေကြတာလို့လည်း ဖော်ပြထားပါတယ်။ တင်ဒါလုပ်ငန်းတွေမှာလည်း…

Read More

ဖလမ်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီး

ဇန်န၀ါရီလ ၁၄ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ဟားခါး – ဖလမ်းကြားမှာရှိတဲ့ လဲန်သဲ ( Lente ) ကျေးရွာကို စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနဲ့ အရပ်သားအဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီကသိရပါတယ်။ ဒေသခံ သတင်းရင်းမြစ်က “ လဲန်သဲရွာက ဟားခါး -ဖလမ်းကြားမှာ ရှိတဲ့ ကျေးရွာဖြစ်တယ် နောက်ပြီး ဝေဘူလဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လဲန်သဲရွာဘက်ကနေ လာကြတာဖြစ်တယ် မနေ့ကလည်း အပြန်အလှန်ပစ်ခေတ်မှုတွေ ရှိတယ် လဲန်သဲရွာမှာ အရပ်သားမရှိတာက ကြာပြီ ဆိုတော့ မနေ့ညက…

Read More

အရှေ့တီမောနိုင်ငံ သမ္မတ José Ramos-Horta နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တွေ့ဆုံပြီး မြန်မာပြည်တွင်း စစ်ရာဇဝတ်မှုများကို တင်ပြ

ဇန်န၀ါရီလ ၁၄ ရက်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အာဆီယံအဖွဲ့၀င် အရှေ့တီမောနိုင်ငံ (Timor-Leste) ၊ ဒီလီမြို့ရှိ သမ္မတနန်းတော်သို့ သွားရောက်ပြီး သမ္မတ José Ramos-Horta နဲ့ တစ်နာရီကြာ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ CHRO ကထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်နေတဲ့ “ထိတ်လန့်ခြောက်ခြားဖွယ်ရာ အုပ်ချုပ်မှုစနစ်” နဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်က ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ၊ အရပ်သားပြည်သူတွေကို စနစ်တကျ သတ်ဖြတ်နေတာတွေကို သမ္မတထံ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်က…

Read More