မြန််မာပြည်ဘက်ကိုသယ်ဆောင်မယ့် စက်သုံးဆီ ၄၇ တိုင်ကီ ကို မီဇိုရမ်ပြည်နယ်မှာ Mampui YLAက ဖမ်းဆီး
မြန််မာပြည်ဘက်ကိုသယ်ဆောင်မယ့် စက်သုံးဆီ ၄၇ တိုင်ကီကို ဒီနေ့ဩဂုတ်လ ၃ ရက်မှာ မီဇိုရမ်ပြည်နယ် Mampui အရပ်မှာ Mampui YLA က ဖမ်းဆီးပြီး ဖမ်းဆီးထားတဲ့ စက်သုံးဆီ ၄၇ ပုံးကို ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA) လက်ထဲပြန်အပ်ဖို့လောင်တလိုင်မြို့ဘက်ကို ပြန်ပို့လိုက် တယ်လို့ မီဇိုရမ်ပြည်နယ်သတင်းတွေအရသိရပါတယ်။ မြန်မာနိုင်ငံဘက် စက်သုံးဆီသယ်ဆောင်ခွင့်ကို CYLA က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေစတင်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ ဩဂုတ်လ ၃ ရက်နေ့မနက် ၃ နာရီခန့်မှာ သယ်ဆောင်ဖို့ပိတ်ပင်ထားတဲ့ စက်သုံး ဆီများကို မြန်မာနိုင်ငံဘက် သယ်ဆောင်လာ ကြကြောင်း၊CYLA ထံကနေ သတင်းရရှိပြီး နောက် Mampui မှာ YLA တွေအကုန်စုပြီးတားဆီး စစ်ဆေးတာလုပ်ခဲ့ကြောင်း၊အဲဒီမှာ SK ကား ၃စီး နဲ့ Pickup…

