မကွေးတိုင်း၊ဆောနယ်မှာ စစ်ရှောင်နေရတဲ့ကန်ပက်လက်ဒေသခံတွေ ဝင်ငွေမရှိလို့ဆေးကုသဖို့အခက်အခဲဖြစ်နေ
စက်တင်ဘာလ ၂၃ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ကနေ မကွေးတိုင်း၊ ဆောမြို့ဘက်ကို စစ်ဘေးရှောင်နေကြတဲ့ ကန်ပက်လက်နယ်ကဒေသခံတွေ ဝင်ငွေမရှိလို့ ဆေးကုသဖို့အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “အိမ်ဌားခတွေ မခံနိုင်ကြတော့ဘူး အလုပ်မရှိ ဝင်ငွေမရှိတာ။ ပိုက်ဆံမရှိတော့ ဆေးဝါး၊ ကျန်းမာရေး၊ စားရေးခက်ခဲဖြစ်ကြတယ်။ သုံးနှစ်ကျော်လာတော့ ထောင့်မခံနိုင်ကြဘူး။ ပထမ တစ်နှစ် နှစ်နှစ်လောက်တော့ ရှိတာလေးထုခွဲရောင်းချပြီးနေကြတယ် အခုဆို အဲဒါတွေလည်း ကုန်ပြီလေ”လို့ Chin World Media ကိုပြောပါတယ်။ စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “ကျန်းမာရေး စောင့်ရှောက်မှု မရကြဘူးဆိုတာဖြစ်နိုင်တယ်။ ကျန်းမာရေးဘက်က ဝင်မလာကြဘူးဆိုတော့။ ကချောင်းဘက်က ဆရာဝန်တစ်ဦးထိုင်တယ်လို့ သိရတယ် အဲဒီမှာ သွားပြကြရတယ်လို့ သိရပါတယ်။ အရင်က သုံး၊လေးထောင်တန် ဆေးတွေကလည်း တစ်သောင်းကျော်ကုန်ပြီလေ သာမန်ဖြစ်တာလောက်တော့ လုပ်ပေးတယ်။”လို့ ပြောပါတယ်။ ဆေးဝါးကုသမှုပိုင်းမှာလည်း…

