ဖိနှိပ်ခံနေရတဲ့ ကလေးမြို့နယ်က စပါးစိုက်တောင်သူများဘ၀နဲ့ ချင်းပြည်နယ်က ပြည်သူတွေကြုံရတဲ့ဆန်ဈေးမြင့်တက်တဲ့ဒုက္ခ
Salai Thang Phung ၂၀၂၁ ခုနှစ်ကစပြီး နိုင်ငံရဲ့အာဏာကိုရယူထားတဲ့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီဟာ နိုင်ငံရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်အဖြစ် ပြည်ထောင်စုတစ်ရပ်လုံး တည်ငြိမ်အေးချမ်းပြီး တရားဉပဒေစိုးမိုးရေး၊ တိုက်ပျိုးရေးကို အခြေခံတဲ့ ကုန်ထုတ် လုပ်ငန်းမြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီကျင်းပပြီးအနိုင်ရရှိတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲ အပ်နိုင် ရေး စတဲ့ အချက်(၅)ချက်ကို စစ်ကောင်စီထုတ်သတင်းစာ ၊ရုပ်မြင်သံကြားသတင်းတွေကနေတဆင့်နေ့စဉ် ဝါဒဖြန့် ထုတ် ဝေနေပေမယ့် တကယ့်လက်တွေ့မှာ ဘယ်အချက်ကိုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ အဆိုးဆုံးအားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စီးပွားရေးနဲ့ပတ်သက်ပြီး တကယ့်လက်တွေ့ကျ လုပ်ဆောင် ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလက်တွေ့ဆောင်ရွက်မယ့်အစား တောင်သူလယ်သမားတွေကို လုံခြုံရေးအကြောင်းပြီး ဖိနှိပ်မှု မျိုးစုံနဲ့ဖိနှိပ်လာပြီး အဲ့ဒီဖိနှိပ်ခံရတဲ့အထဲမှာ ကလေးမြို့နယ်က စပါးစိုက်တောင်သူတွေလဲ အပါအဝင်ဖြစ်လာပါတယ်။ ကလေးမြို့နယ်က စိုက်ပျိုးမြေဧကဟာ ချင်းပြည်နယ်တစ်ပြည်နယ်လုံး စိုက်ပျိုးမြေဧက တစ်သိန်းကျော်နဲ့…

