CDF-Hualngoram မှ ဖမ်းဆီးခဲ့တဲ့ တီးတိန်မြို့နယ်၊ Bukphil ရွာသား ၅ ဦးကို လွတ်ပေးခြင်း မရှိသေး
မတ်လ ၁၃ ရက်။ မတ်လ ၁၁ ရက်နေ့က CDF-Hualngoram တပ်ဖွဲ့မှ ဖမ်းဆီးခဲ့တဲ့ တီးတိန်မြို့နယ် ဒေသခံ ၁၂ ဦးထဲမှ တီးတိန်မြို့နယ် Ngalbual ရွာသား ၇ ဦးကို ဒီကနေ့မတ်လ ၁၃ ရကနေ့မှာ ပြန် လွှတ်ပေးခဲ့ပြီး ကျန်ရှိတဲ့ တီးတိန်မြို့နယ် Bukphil ရွာသား ၅ ဦးကို နှစ်ရက်ကြာသည့်တိုင် ပြန်လွှတ်ပေးခြင်း မရှိသေးဘူး လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရပါတယ်။ “CC အဖွဲ့မှာ ပါဝင်တဲ့ CDF-Hualngoram တပ်သားတွေက မတ် လ ၁၁ ရက်နေ့ မနက် ၉ နာရီ လောက်မှာ Bukphil ရွာထဲကို ဝင်လာပြီး ရွာသား ငါးယောက်ကို ဖမ်းသွားတယ်။…

