Headlines

လက်နက်ငယ်ကျည် ပေါက်ကွဲမှုကြောင့် ကလေးမြို့မှာ စစ်ရှောင် ချင်းကလေးငယ် ညီအစ်ကို ၂ ဦး သေဆုံး

ဧပြီလ ၁၆ ရက်။ ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့ မနက် ၈ နာရီခန့်မှာ ကလေးမြို့ တောင်ဖီလာ ရပ်ကွက် (အရပ်ခေါ် နေပြည်တော်)မှာ နေထိုင်သူ ၅ အရွယ် နှင့် ၂ နှစ်ခွဲ အရွယ် ညီအစ်ကို နှစ်ဦး ခြံထဲမှာ ဆော့ကစားစဉ် လက်နက်ငယ်ကျည်ပေါက်ကွဲမှု ဖြစ်ပွားပြီး နှစ်ယောက်စလုံး ပွဲချင်းသေဆုံး သွားခဲ့တယ် လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦး ထံမှ သိရှိခဲ့ရပါတယ်။ “ရပ်ကွက်ကတော့ မပေါက်ကွဲသေးတဲ့ ဒရုန်း drop bomb ဖြစ်နိုင်တယ် လို့ ထင်ကြေး ပေးထားပါတယ်။ ပေါက်ကွဲ မှု ဖြစ်ဖြစ်ချင်း စစ်သားတွေ ရောက်လာတယ်။ ကလေး နှစ်ယောက် ရဲ့ ‌အလောင်း…

Read More

နယူးဒေလီရှိ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို UNHCR ဘက်က အသိမှတ်ပြုကဒ်တွေ အမြန်ထုတ်ပေးဖို့ တောင်းဆို

ဧပြီလ ၁၆ ရက်။ အိန္ဒိယနိုင်ငံ၊ နယူဒေလီအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committe – New Delhi (CRC)ဥက္ကဌဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများက နယူဒေလီက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ဒုက္ခသည် အသိအမှတ်ပြုကဒ်တွေ အမြန်ဆုံးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR – Protection Unit (ကတာဝန်ရှိသူတွေကို ဧပြီလ ၁၅ရက်နေ့ကတွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ CRC က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ လက်ရှိ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်သဖြင့် ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး ၊ အကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ် နေသဖြင့် ဒုက္ခသည် အသိအမှတ်ပြု…

Read More

ကလေး – ဂန့်ဂေါကြားက ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ CDF-KKG ထုတ်ပြန်

ဧပြီလ ၁၅ ရက်။ စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး-ဂန့်ဂေါ အကြားက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာ များကို မကြာမီ ဆက်လက်ပြီး တိုက်ခိုက်သွားမှာဖြစ်တဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) ကဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ CDF-KKG Major Operation ကို ၂၀၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှု စတင်ခြင်းနှင့်အတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖော်ဆောင်ခဲ့ပြီး၊ ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို ၂…

Read More

ချင်းတောင် နဲ့ ကလေးမြို့နယ် အတွင်း ဖုန်းလိုင်း အားလုံး ပြတ်တောက်တဲ့ ကာလအတွင်း MEC ဆင်းကဒ် ကျပ် ၁သိန်း ၇သောင်းထိ ဈေးတက်ခဲ့၊ MPT လိုင်း ပြန်လည် ရရှိ

ဧပြီလ ၁၅ ရက်။ ချင်းတောင်ကမြို့တွေ နဲ့ ကလေးမြို့နယ် အတွင်း ဧပြီ ၁၁ ရက် နေ့ မနက်ပိုင်း က စပြီး ၃ ရက်ခန့် GSM ဖုန်းလိုင်း အားလုံး ပြတ်တောက်ခဲ့တဲ့ အတွက် ဖုန်း ခေါ်ဆိုနိုင်တဲ့ MEC ဆင်းကဒ် တစ်ခုဟာ ကလေးမြို့မှာ ကျပ် တစ်သိန်း ခုနစ်သောင်း အထိ ဈေးတက်သွားခဲ့ပြီး ဧပြီ ၁၄ ရက် ညနေ ကစပြီးချင်းတောင်ကမြို့တချို့ နဲ့ ကလေးမြို့နယ် အတွင်း MPT လိုင်း ပြန်လည် ရရှိခဲ့တယ် လို့ ကလေးမြို့ ဒေသခံ တစ်ဦး ထံမှ သိရှိခဲ့ရ ပါတယ်။ “MEC နဲ့ လိုင်း သုံးလုပ်တော့…

Read More

မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ကျပ်သိန်း ၃၀ ကျော် ပံ့ပိုးကူညီပေးခဲ့တယ်လို့ မင်းတပ် ပအဖ ထုတ်ပြန်

ဧပြီလ ၁၄ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီလ ၉ ရက်နေ့ညက မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မိသားစုဝင်တွေကို ကျပ်သိန်းငွေ ၃,၃၄၀,၀၀၀ ကျပ် ပံ့ပိုးကူညီခဲ့တဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို ဧပြီလ ၉ ရက်နေ့ ညကိုးနာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ လသား ကလေးငယ်၊ ၇ နှစ်အရွယ် ကလေးငယ်၊မသန်မစွမ်းလူငယ်တစ်ဦး၊ သက်ကြီးရွယ်အို ၂ ဦး နဲ့ ခရစ်ယာန်ပါစတာ တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူမိသားစု၊ နေအိမ်ပျက်စီးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read More