Headlines

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါဝင် အချက် ၅ ခုကို CRC ထုတ်ပြန်

ဧပြီလ ၂၈ ရက်။ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီစောင့်ရှောက်ပေးတဲ့ အိန္ဒိယနိုင်ငံကအဖွဲ့အစည်းတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါအဝင် အချက် ၅ ခုကို ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ ( CRC-NewDelhi ) က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒုက္ခသည် ကွန်ဗင်းရှင်း (၁၉၅၁ခုနှစ်) ကို လက်မှတ်ထားခြင်းမရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပြုထားတာကြောင့်လည်း အထူးကျေးဇူးတင်ကြောင်းကိုလည်း ချင်းဒုက္ခသည်များ ကော်မတီက ဖော်ပြထားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီ စောင့်ရှောက်ပေးလျက်ရှိတဲ့ အိန္ဒိယနိုင်ငံမှလူမှုအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်…

Read Full News

မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် ထံ CRC ကသွားရောက်တွေ့ဆုံပြီး ချင်းဒုက္ခသည်အရေး တင်ပြ

ဧပြီလ ၂၇ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် မီဇိုရမ်ပြည်နယ် ကိုယ်စားရွေးချယ်ခြင်းခံရသည့်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို ဧပြီလ ၂၆ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) ကသွားရောက်တွေ့ဆုံ တင်ပြခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) NewDelhi ကထုတ်ပြန်ပါတယ်။ ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ ချင်းဒုက္ခသည်ကော်မတီ(CRC) မှ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌ များကသွားရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ချင်းဒုက္ခသည်ကော်မတီ (CRC) ဘက်က တင်ပြချက်တွေက ဒုက္ခသည်များအတွင်း ကြုံတွေ့နေရသော…

Read Full News

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ဧပြီလ ၂၁ ရက်။ ကမ္ဘာ့ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်ထဲရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။ “နံနက် ၇ နာရီ ၃၅ မိနစ်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားပြီဖြစ် ပါတယ်။ သူ့ရဲ့တစ်ဘဝလုံး ဘုရားသခင်နဲ့ သူ့ရဲ့ ဘုရားကျောင်းအတွက် အမှုတော်ထမ်း ဖို့ စိတ်ကိုနစ်မြှုပ်ထားခဲ့တာဖြစ်ပါတယ်”လို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။ အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော် မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။…

Read Full News

နယူးဒေလီရှိ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို UNHCR ဘက်က အသိမှတ်ပြုကဒ်တွေ အမြန်ထုတ်ပေးဖို့ တောင်းဆို

ဧပြီလ ၁၆ ရက်။ အိန္ဒိယနိုင်ငံ၊ နယူဒေလီအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committe – New Delhi (CRC)ဥက္ကဌဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများက နယူဒေလီက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ဒုက္ခသည် အသိအမှတ်ပြုကဒ်တွေ အမြန်ဆုံးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR – Protection Unit (ကတာဝန်ရှိသူတွေကို ဧပြီလ ၁၅ရက်နေ့ကတွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ CRC က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ လက်ရှိ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်သဖြင့် ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး ၊ အကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ် နေသဖြင့် ဒုက္ခသည် အသိအမှတ်ပြု…

Read Full News

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေသူတွေကို စနစ်တကျစောင့်ရှောက်နိုင်ဖို့ ဥပဒေအမြန်ဆုံး ပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (MZP)တောင်းဆို

ဧပြီလ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်နေတဲ့သူတွေကို စနစ်တကျစောင့်ရှောက် နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ ဥပဒေတွေ အမြန်ဆုံးပြဌာန်းပေးဖို့ မီဇိုးရမ်ကျောင်းသားများသမဂ္ဂ (Mizo Zirlai Pawl – MZP)က ဧပြီလ ၈ ရက်နေ့က တိုက်တွန်းထားပါတယ်။ မီဇိုရမ်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို စနစ်တကျစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်တဲ့ ဥပဒေများ အမြန်ဆုံးပြဌာန်းဖို့ လိုအပ်ပြီး ဒီလိုဆောင်ရွက်နိုင်မှသာ မီဇိုရမ်ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေအကြား နားလည်မှု ပြန်လည်တည်ဆောက်နိုင်မယ်လို့ မျော်လင့်ကြောင်း MZP ကဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ မဏိပူရ်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ ပဋ္ဋိပက္ခတွေကြောင့် မီဇိုရမ်ပြည်နယ်ကို စစ်ဘေးရှောင်လာသူဦးရေတိုးလာခြင်းနဲ့ ပက်သက်လို့ မီဇိုရမ်ပြည်သူတွေ ညီးညူနေကြတာ ကြားသိရတဲ့အတွက် စိတ်မကောင်းကြောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ ပြစ်မှုတစ်ခုခုကျူးလွန်ပါက ကျူးလွန်သူကို ဥပဒေအတိုင်း အရေးယူပေးဖို့နဲ့ ပြဿနာတစ်စုံတစ်ရာဖြစ်လာတာနဲ့ စစ်ဘေးရှောင်တွေလို့…

Read Full News

မြန်မာပြည်က ငလျင်ဘေးသင့်ဒေသတွေမှာ အမေရိကန်ခရစ်ယာန်အဖွဲ့က ယာယီဆေးရုံတည်ဆောက်ပေးဖို့နဲ့ဆေးကုသပေးဖို့ အဖွဲ့ စေလွှတ်

ဧပြီလ ၁ ရက်။ မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်နေတဲ့ ဒေသမှာ အမေရိကန်နိုင်ငံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ ခရစ်ယာန် (Samaritan Purse )အဖွဲ့ ကိုစေလွှတ်ပြီး ခွဲစိတ်ခန်း ၂ ခန်းပါ ယာယီဆေးရုံ ၁ ခုတည်ဆောက်ပေးမှာဖြစ်တယ်လို့ နာမည်ကျော် ခရစ်ယာန်တရားဟောဆရာကြီး ဘီလီဂရေဟန်သား၊ တရားဟောဆရာ ဖရန်ကလင်း ဂရေဟန်က မတ်လ ၃၁ ရက်နေ့မှာ သူ့ရဲ့ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။ လက်ရှိ ငလျင်သင့်ဒေသမှာ ယာယီ ဆေးရုံ ၁ ခု တည်ဆောက်ပြီး ခွဲစိတ်ခန်း ၂ ခန်း၊ အရေးပေါ်အခန်း၊ လူနာထားခန်းများ၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်းတခု ပါဝင်မှာဖြစ်ပြီး အမေရိကန်နိုင်ငံက ဆရာဝန်များ၊ သူနာပြုများ၊ ကယ်ဆယ်ရေးအဖွဲ့၊ သောက်ရေဆိုင် ရာကျွမ်းကျင်ပညာရှင်၊ ကယ်ဆယ်ရေး အဖွဲ့…

Read Full News

ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရတဲ့မြန်မာပြည်သူတွေအတွက် UFC ဖိုက်တာ Joshua Van က GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေး

မတ်လ ၃၀ ရက်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ဆိုးရွားစွာ ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့အပြင် GoFundMe မှတစ်ဆင့် ရန်ပုံငွေရှာဖွေပေးနေတယ်လို့ သိရပါတယ်။ https://gofund.me/3ed7e389 ဒီလင့်ခ်မှာ ဧပြီလ ၅ ရက်အထိ လှူဒါန်းနိုင် ကြောင်း UFC Fighter Joshua Van က သူ့ရဲ့ Facebook မှာ ပြောကြားထားပါတယ်။ မြန်မာပရိသတ် အများအပြားက အားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာမြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လက်ရှိမှာ UFC ပြိုင်ပွဲပေါင်း (၇) ပွဲအထိ ထိုးသတ်ထားပြီး ၆ ပွဲနိုင်၊…

Read Full News

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာ Bruno Silva တို့ ဇွန်လ (၇) ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်မယ်

မတ်လ ၂၇ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ ဘရာဇီးဖိုက်တာ Bruno Silva တို့ဟာလာမယ့် ဇွန်လ (၇) ရက်နေ့မှာ ကျင်းပမယ့် UFC 316 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်တဲ့ကြောင်း Joshua Van က သူ့ရဲ့လူမှုကွန်ယက်ဖေ့ဘုတ်ကနေ တဆင့်ဖော်ပြထားပါတယ်။ Joshua Van နဲ့ Bruno Silva ကိုပြီးခဲ့တဲ့ မတ်လတုန်းက ကျင်းပတဲ့ UFC 313 မှာ ပွဲတည်ပေးခဲ့ဖူးပေမယ့် အဲဒီတုန်းက Bruno Silva က နုတ်ထွက်ခဲ့တာကြောင့် ပွဲမဖြစ်လိုက်ရဘဲ Joshua Van က ဂျပန်ဖိုက်တာနဲ့ ထိုးသတ်ခဲ့ရပြီး UFC 316 မှာ ထပ်ပြီးပွဲပြန်တည်ပေးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်တော့ ထပ်ပြီးနုတ်ထွက်လို့မရတော့ဘူးလို့လည်း သိရပါတယ်။ အသက်…

Read Full News

အမေရိကန်မှာ အသက် ၁၁ နှစ်အရွယ်ချင်းကလေးငယ်တစ်ဦး အမဲလိုက်ရိုင်ဖယ်သေနတ်ကျည် မတော်တဆ ထိမှန်ကာသေဆုံး

မတ်လ ၂၅ ရက်။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနာပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ချင်းကလေးငယ် တစ်ဦးဟာ မတ်လ ၂၄ ရက်နေ့မှာ အမဲလိုက်ရိုင်ဖယ်သေနတ်ကျည် မတော်တဆထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဇာတိဖြစ်ကြတဲ့ Pa Van Pek နဲ့ Nu Van Sui Eng တို့ရဲ့ အကြီးဆုံးသားဖြစ်တဲ့ Salai Nehemiah Van Pek Thang အသက် (၁၁) နှစ်အရွယ်ဟာ မတ်လ ၂၄ ရက်နေ့က ဖလော်ရီဒါပြည်နယ်က ဆွေမျိုးမင်္ဂလာဆောင်က အပြန် ဆွေမျိုးတစ်ဦးရဲ့ကြက်ခြံမှာ ခရီးခဏ ရပ်နားချိန်မှာ အမဲလိုက်ရိုင်ဖယ်ကို စမ်းသပ်စဉ် မတော်တဆ မောင်းပြုတ်ပြီး ကလေးကို ထိမှန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Read Full News

အင်ဖာအကျဉ်းထောင်ကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေပါ၀င်တဲ့မြန်မာအကျဉ်းသား ၂၇ ဦးကို အိန္ဒိယက လွှတ်ပေး

မတ်လ ၂၄ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေထဲကနေ အမျိုးသမီးနဲ့ ကလေးငယ် ၂၇ ဦးကိုလွှတ်ပေးကာမတ်လ ၂၁ ရက်နေ့က မြန်မာစစ်ကောင်စီဖက်ကို ပြန်လွှဲပေးလိုက်တယ်လို့ India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က “အခု စကစ ဆီကို လွှဲပေးလိုက်တဲ့သူတွေက အရင်ကတည်းက အိန္ဒိယနိုင်ငံဝင်လာပြီးမှ စကစ အာဏာသိမ်းမှုနောက်ပိုင်းမှ အဖမ်းခံရတဲ့သူတွေဆိုတော့ မြန်မာနိုင်ငံထဲပြန်ပို့ရင်လည်း သူတို့လုံခြုံရေးရဲ့ ပက်သက်ပြီး ထိခိုက်နိုင်ခြေမရှိဘူးလို့ အကြမ်းဖျင်းအားဖြင့် သိထားရတယ် စုစုပေါင်း ၂၇ ဦးပါ ၂၀ ဦးက အမျိုးသမီးတွေ ၇ ဦးက ကလေးငယ်တွေပေါ့ အကုန်လုံးကို စစ်ကောင်စီလက်ထဲပြန်လွှဲပေးတာဖြစ်တယ်”လို့ပြောပါတယ်။ အင်ဖာအကျဉ်းထောင်ကနေ အခုနဲ့ဆို…

Read Full News