မတူပီမြို့နယ်တွင်းက ပြည်သူတွေ မိမိနေရပ် ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခရီးသွားလာခြင်းကို ပိတ်ပင်တာမျိုး မလုပ်ကြဖို့ မတူပီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ CDF Matupi – တပ်မဟာ (၁) က ပူးတွဲအသိပေးထုတ်ပြန်
ချင်းပြည်နယ် မတူပီမြို့နယ်အတွင်းသို့ စစ်ဘေးရှောင် ပြည်သူတွေ မိမိနေရပ် ပြန်လည်အခြေချနေထိုင်နိုင်ရေးတွက် ခရီးသွားလာခြင်းကို ပိတ်ပင်တားဆီးတာမျိုး မလုပ်ကြဖို့ မတူပီမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) တို့က သြဂုတ်လ ၂၆ ရက်နေ့မှာ ပူးတွဲ အသိပေးထုတ်ပြန်ထားပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) ရဲ့ ဇူလိုင်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အများပြည်သူ တွေအသုံးပြုနေတဲ့ လမ်း (၄) လမ်းကို အကန့်သတ်မရှိ ပိတ်ပင်ထားရာ ( မတူပီ – လိုင်လင်းပီ/ မတူပီ – ရေဇွာ) လမ်းတွေကို CNF/A အပေါင်းအပါတွေက ဆက်လက် ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူတွေ…

