၃ နှစ်အတွင်း ချင်းပြည်နယ်က လူဦးရေ ၃ သိန်းကျော်နဲ့ ကျေးရွာ ၈ ရာနီးပါး ကို ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံလာနိုင်ခဲ့တယ်လို့ ချင်းကျန်းမာရေးအဖွဲ့ (CHO)ကဆို
အောက်တိုဘာလ ၃၀ ရက်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စတင်ဖွဲ့စည်းခဲ့တဲ့ ချင်းကျန်းမာရေးအဖွဲ့ (Chin Health Organization) အနေနဲ့ ဖွဲ့စည်းတည်ထောင်တဲ့ ၃ နှစ်အတွင်းချင်းပြည်နယ်အတွင်းက လူဦးရေ ၃၄၆,၉၃၇ နဲ့ ကျေးရွာပေါင်း ၇၉၈ ရွာကိုကျန်းမာရေးစောင့်ရှောက်မှုအတွက် လွှမ်းခြုံနိုင်ခဲ့ပြီးဖြစ်တယ်လို့ အဖွဲ့အစည်း ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ချင်းကျန်းမာရေးအဖွဲ့ (CHO) ရဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။ ချင်းကျန်းမာရေးအဖွဲ့ (CHO) အနေနဲ့ လက်ရှိ ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ ၁၃ ရုံ၊ ဆေးခန်း ၁၀ ခုနှင့် ရွှေ့လျားဆေးခန်း ၁၄ ခုပေါ်အခြေခံပြီး ကျန်းမာရေးအင်အားစု ၅၀၀ ခန့်နဲ့ ဆောင်ရွက်နေကြတယ်လို့ ဆိုထားပါတယ်။ မိခင်၊ကလေး၊ ပျိုရွယ်သူနှင့်…

