ရခိုင်ပြည်နယ်ကချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ ရေဘေးကြောင့် လူ ၁ ဦး သေဆုံး၊လူနေအိမ် ၂၃၀ ဝန်းကျင်ပျက်စီးသွားကာဒေသခံပြည်သူ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ်နေ
စက်တင်ဘာလ ၁၉ ရက်။ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာတွေမှာ ရေဘေး ကြောင့် လူ ၁ ဦး သေဆုံးကာ လူနေ အိမ် ၂၃၀ ဝန်းကျင်ပျက်စီးသွားပြီး ဒေသခံပြည်သူ၃ ထောင်ခန့် အရေးပေါ် အကူအညီလိုအပ် နေ ကြောင်း ယင်း ဒေသက ဒေသခံတွေဆီကသိရပါတယ်။ ရာဂီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၁၄ ရက်ကမင်းပြားမြို့နယ်ကမင်းကူးလမ်းကျေးရွာအုပ်စုထဲက ချင်းလူမျိုး တွေ နေထိုင်တဲ့ကိုင်းကြီး၊ ကျေးမကြီး၊ ကျေးမချေ၊ ပြင်ဝ၊ ပြင်ချောင်း၊ သရက်အုပ် စတဲ့ကျေးရွာတွေ အပါအဝင် ရွာ ၁၃ ရွာ ရေဘေးကြုံခဲ့ရကာ အမျိုးသား ၁ ဦး…

